Home
မြန်မာသတင်း
ရေးတိုက်ပွဲတွင် မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့ တာဝန်ခံ ကျဆုံး
DVB
·
October 18, 2022
312275364_424968476470081_5242987384626234533_n

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဒူးယာကျေးရွာအုပ်စု၊ ပလိုင်ကီးကျေးရွာအနီး ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲငယ်တခုမှ တာဝန်ခံ ကိုအဂ္ဂ (ခေါ်) ကိုသီဟနေစိုး ကျဆုံးခဲ့တယ်လို့ မွန်ပြည်နယ်အခြေပြုတော်လှန်းရေးအဖွဲ့က အောက်တိုဘာ ၁၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၇ ရက်နေ့က ရေးမြို့နယ်၊ ဇီးဖြူသောင်းကျေးရွာရှိ စစ်ကောင်စီ နယ်မြေရဲစခန်းကို မွန်ပြည်နယ်အခြေပြုတော်လှန်းရေးအဖွဲ့(MSRO) က သွားရောက် တိုက်ခိုက်ခဲ့တာပါ။

အဲဒီနယ်မြေရဲစခန်း တိုက်ခိုက်အပြီးအပြန် အောက်တိုဘာ ၁၇ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်လောက်မှာ စစ်ကောင်စီတပ်နဲ့ နှစ်ဖက်ထိတွေ့ တိုက်ပွဲငယ်တခု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် (MRSO) တာဝန်ခံ ကိုအဂ္ဂ (ခေါ်) ကိုသီဟနေစိုး ကျဆုံးခဲ့တာပါ။

ရေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံကတော့ ကိုအဂ္ဂ (ခေါ်) ကိုသီဟနေစိုး ကျဆုံးမှုအတွက် စစ်ကောင်စီကို အကောင်းဆုံး လက်တုံ့ပြန်သွားမယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

ကျဆုံးသွားတဲ့ တာဝန်ခံ ကိုအဂ္ဂ (ခေါ်) ကိုသီဟနေစိုးဟာ ရေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တာဝန်ခံတဦး ဖြစ်သလို စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို လက်နက်ကိုင် တော်လှန်ခဲ့တာပါ။

ရေးမြို့နယ်ထဲမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား ထိတွေ့ တိုက်ပွဲတွေ မကြာခဏ ဖြစ်ပွားနေပြီး အဲဒီတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးတာတွေ ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024