Home
မြန်မာသတင်း
ဘိုကလေးမြို့နယ်တွင် အုပ်စုဖွဲ့လုယက်မှု များလာ
DVB
·
October 4, 2022
309194877_1435814556902883_7486610275479523197_n

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှာ အုပ်စုဖွဲ့ လုယက်မှုများလာတာကြောင့် ပြည်သူတွေ နယ်ဝေခရီးသွားလို့ဖို့ ထိတ်လန့်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

အောက်တိုဘာ ၂ ရက်နေ့ကလည်း အမျိုးသားတဦး ကလေးနှစ်ယောက်နဲ့အတူ ဆိုင်ကယ်နဲ့ ကဒုံကနိ - ဘိုကလေးကားလမ်းအတိုင်း လာချိန်မှာ မီးသွေးချောင်းတံတားအနား အမျိုးသား ၅ ဦးရဲ့ ရိုက်လုတာ ခံခဲ့ရပြီး ဆိုင်ကယ်နဲ့ ငွေသား ၃ သိန်း ပါသွားတယ်လို့ ဘိုကလေးမြို့ခံတဦးက ပြောပါတယ်။ 

“စက်တင်ဘာလထဲမှာဆိုလည်း ဖုန်းလုခံရတာတွေ၊ ဆိုင်ကယ်အလုခံရတာတွေ အနည်းဆုံး ၃ မှုလောက် ရှိမယ်၊ ဒါတောင် ရဲစခန်းတိုင်လို့ သိရတဲ့ဟာ။ မသိရတဲ့ဟာတွေလည်း အများကြီးရှိနိုင်သေးတယ်၊ အဓိကတော့ လုံခြုံမှုမရှိတော့တာပေါ့။” 

အောက်တိုဘာ ၂ ရက်နေ့က အမည်မသိအမျိုးသား ၅ ဦးရဲ့ လုယက်ခံခဲ့ရတဲ့ အသက် ၄၈ နှစ်အရွယ် အမျိုးသားဟာ ဓားနဲ့ရော တုတ်နဲ့ပါ ထိုးခုတ်ခံခဲ့ရတာကြောင့် ဆေးရုံတက်ရောက်ကုသနေရတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ နယ်ဝေခရီးသွားလာတဲ့အခါ လုယက်ခံရမှုတွေ များလာတာကြောင့် ဒေသခံတွေ ဆိုင်ကယ်နဲ့ တရွာနဲ့တရွာ ခရီးသွားလာဖို့ ထိတ်လန့်လာရတယ်လို့ ဆိုပါတယ်။ 

ဆိုင်ကယ်နဲ့ ငွေ ၃ သိန်းရိုက်လုခံရတာနဲ့ ပတ်သက်ပြီး ကြိမ်ချောင်းကြီးနယ်မြေရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၉၇ နဲ့ အမှုဖွင့်ထားပြီး တရားခံဖမ်းမိတာမျိုးတော့ မရှိသေးဘူးလို့ ရဲတပ်ဖွဲ့အသိုက်အဝန်းက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024