အမျိုးသားညီညွတ်ရေးအစိုးရ (NUG)လက်အောက်ရှိ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် အသစ်ခန့်အပ်လိုက်တဲ့ ဒေါက်တာငိုင်းတမ်မောင်းက ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ရှေ့မှောက်မှာ ကတိသစ္စာပြု ကျမ်းသစ္စာဆိုလိုက်ပါတယ်။
စက်တင်ဘာလ ၃၀ ရက်က ဗီဒီယိုကွန်ဖရင့်ကတဆင့်ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရဲ့ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ဒုဝန်ကြီးသစ် ဒေါက်တာငိုင်းတမ်မောင်းက ကတိသစ္စာပြု ကျမ်းသစ္စာဆိုလိုက်တာဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဟာ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူလူထုက ဒီမိုကရေစီနည်းကျ အပ်နှင်းလိုက်တဲ့အာဏာကို ကျင့်သုံးပြီး ဒေါက်တာငိုင်းတမ်မောင်းအား လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီးအဖြစ် စက်တင်ဘာလ ၃၀ ရက်က ခန့်အပ်တာဝန်ပေးလိုက်တာဖြစ်ပါတယ်။
ဒေါက်တာငိုင်းတမ်မောင်းဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီကို ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ ချင်းပြည်ပြည်နယ် အမှတ် (၆) မဲဆန္ဒနယ် လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် ဆန့်ကျင်လှုပ်ရှားမှုမှာဒေသခံလူထုနဲ့အတူ ပူးပေါင်းပါဝင်ခဲ့ကာ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင် တဦးလည်းဖြစ်ပါတယ်။