အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ် ဒေါ်အိသဉ္ဇာမောင်နဲ့ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော် ပညာဝန်အုပ် ဂျိုဟီးရွန် တို့ပါဝင်ကြမယ့် စစ်အာဏာသိမ်း ၁ နှစ်ပြည့် အွန်လိုင်းဆွေးနွေးပွဲတခု ကျင်းပသွားဖို့ ရှိနေပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၄ ရက်ညနေ ၅ နာရီမှာ ကျင်းပမယ့် ဒီဆွေးနွေးပွဲကိုတော့ အမျိုး သားညီညွတ်ရေးအစိုးရ တောင်ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးက စီစဉ်ပြီး ကိုရီးယား-မြန်မာနှစ်ဘာသာနဲ့ ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၁ နှစ်ပြည့်မြောက်လာခဲ့ပြီ ဖြစ်ပါတယ်။
ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး အဘက်ဘက်က ကျဆင်းနေပြီး အာဏာရှင်စနစ်ကို ဆန့်ကျင်တွန်းလှန်နေကြတဲ့ လူထုတိုက်ပွဲတွေဟာလည်း အရှိန်အဟုန်နဲ့ အားကောင်းနေဆဲ ဖြစ်ပါတယ်။
အာဏာသိမ်းကာလ ၁ နှစ်ပြည့်မြောက်ချိန်မှာ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်အခွင့် အရေးဆိုင်ရာ ကိစ္စတွေမှာ ဘာတွေ ပြောင်းလဲသွားခဲ့သလဲ၊ ဘာတွေလုပ်ဆောင်ဖို့ လိုအပ် နေသလဲဆိုတာတွေကိုတော့ အခုညနေကျင်းပမယ့် စကားဝိုင်းမှာ တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်။