မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ PDFတပ်ဖွဲ့တွေ အခြေစိုက်တပ်စခန်းရှိရာဘက်ကို စစ်ကောင်စီရဲ့ ကင်းထောက်လေယာဉ်ပျံတွေ အခုရက်ပိုင်းအတွင်း ပျံသန်းလာပြီး ပိုမိုထောက်လှမ်းလာနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
စစ်ကောင်စီတပ်က စစ်အင်အား နည်းလာတာနဲ့အမျှမြေပြင်မှာ စစ်ရေးလှုပ်ရှားဖို့ လူအင်အားမလုံ လောက်လာတဲ့အခါ PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင် EAOs တပ် စခန်းရှိရာဘက်ကို ကင်းထောက်လေယာဉ်နဲ့ နေ့စဉ်နီးပါးရှာဖွေ ထောက်လှမ်းလာခဲ့တယ်လို့ PDF တပ်ဖွဲ့ဝင် တဦးက ပြောပါတယ်။
“စစ်ကောင်စီရဲ့ ကင်းထောက်လေယာဉ်တွေကြောင့် ညဘက် ညတာ လူတွေ အိပ်ချိန်၊ အိပ်လို့ လည်း မရဘူး၊ အသံက ကျယ်တော့ အသံက နားငြီးတယ် ဆူညံတယ်။ ပြီးတော့ ဘယ်ချိန် လေယာဉ်ဗုံးလာကြဲမလို့ တောင် စိုးရိမ်ရတယ်။”
မွန်ပြည်နယ်မှာ ဒေသဆိုင်ရာ PDF တွေကစစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်ခဲ့တာ အထိနာ အကျဆုံးလာတဲ့အတွက် စစ်ကောင်စီဘက်က မွန်ဘက်ကို စစ်အင်အား သုံးပြီး လေကြောင်းကနေ တိုက်ခိုက်လာမှာကိုလည်း စိုးရိမ်ရတယ်လို့ စစ်ရေးလေ့လာသူ တဦးက ပြောပါတယ်။
မွန်ပြည်နယ်မှာ ရေး၊ သံဖြူဇရပ်၊ မော်လမြိုင်၊ ကျိုက်ထို၊ ဘီးလင်း၊ သထုံနဲ့ ပေါင်မြို့နယ်တို့ဘက်မှာ စစ်ကောင်စီတပ်နဲ့ PDF တွေမကြာခဏ ဆိုသလို ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေပါတယ်။