ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် အဖြစ် ဆက်လက်ခန့်ထားရေး မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်နေ ပြည်သူလူထုက စက်တင်ဘာ ၁၃ ရက်မှာ ချီတက်ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြပွဲကို ဆောနဲ့ ကျောက်ထုအခြေစိုက် The Youth Force (Saw & Kyaukhtu) အဖွဲ့က ဦးဆောင်ကျင်းပ လုံခြုံရေးယူပေးခဲ့ပြီး ကျေးရွာကာကွယ်ရေးတပ်ဖွဲ့တွေ၊ ဆောမြို့နယ် ပ.က.ဖ အဖွဲ့ဝင်တွေကလည်း ကူညီဆောင်ရွက်ပေးခဲ့ကြပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂမှာ ဆက်လက်ထားရှိရေး၊ NUG အစိုးရသာ ပြည်သူ့အစိုးရ၊ စစ်အာဏာရှင်ကို လုံးဝလက်မခံစတဲ့ ကြွေးကြော်သံတွေနဲ့ ဒေသခံလူထုက ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။