မကွေးတိုင်း၊ ဂန့်ဂေါမြို့၊ ရပ်ကွက် ၃ ရှိ ဒေသခံ ကိုထွန်းမြတ်ရဲ့နေအိမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စက်တင်ဘာ ၆ ရက်မှာ လာရောက်ချိပ်ပိတ်ခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ချိပ်ပိတ်ခံလိုက်ရတဲ့ ကိုထွန်းမြတ်တို့အိမ်က လူမနေတာ တနှစ်ကျော်ပြီ။ မနေ့က စစ်ကောင်စီ တပ်သားတွေနဲ့ သူ့အဖွဲ့ဝင်တွေ လာရောက်ချိတ်ပိတ်သွားတာ။”
စစ်ကောင်စီဘက်က PDF နဲ့ ဆက်စပ်နေတာကြောင့် ကိုထွန်းမြတ်ရဲ့နေအိမ်ကို ချိပ်ပိတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ဂန့်ဂေါ PDF တပ်ဖွဲ့ဝင်တယောက်က “အထူးသဖြင့် ပြည်သူတွေရော၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေရော လုံခြုံရေးသတိ အမြဲရှိဖို့၊ ပိပိရိရိ လှုပ်ရှားကြဖို့ တိုက်တွန်းချင်ပါတယ်” လို့ ပြောပါတယ်။
လတ်တလော ဂန့်ဂေါမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေက ဒေသခံတွေကို စစ်ဆေး ဖမ်းဆီးတာတွေ တင်းကျပ်စွာ ပြုလုပ်နေပါတယ်။
ဂန့်ဂေါမြို့ပေါ်မှာ စစ်ကောင်စီက နေအိမ်ချိတ်ပိတ်ထားတာ ၁၀ လုံးထက်မနည်း ရှိနေပြီလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။