စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ သြဂုတ် ၃၁ မနက်ပိုင်းက မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီး ပုလင်းခွံကောက်တဲ့ သားအမိနှစ်ယောက် မိုင်းစထိမှန်ကာ သမီးဖြစ်သူ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စေတီကုန်းကျေးရွာ ဘုန်ကြီးကျောင်းရှေ့ ဇရပ်ဆောင်အနီးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပုလင်းခွံ ကောက်တဲ့ သားအမိနှစ်ယောက် မိုင်းထိမှန်ခဲ့တာဖြစ်ပါတယ်။
ဒေသခံအမျိုးသားတစ်ဦးက “မနက် ၁၁ နာရီလောက်က မိုင်းပေါက်ကွဲတာ။၊ အဲဒီနားကို ပုလင်းခွံကောက်တဲ့ သားအမိနှစ်ယောက် မိုင်းစမှန်တယ်။ မိခင်ကတော့ မသေဘူး။ သမီးလေးကတော့ သေသွားပြီ။ ဘယ်သူထောင်လဲဆိုတာကတော့ မပြောတတ်ဘူး”လို့ ပြောပါတယ်။
မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့လို့ အမှိုက်ကောက်သူ မခင်မာလင်းဟာ ဒဏ်ရာပြင်းထန်ပြီး သူ့ရဲ့ သမီးဖြစ်သူကတော့ ကသာမြို့မဆေးရုံမှာ ဆေးကုသပေးနေချိန် သေဆုံးသွားခဲ့တာပါ။
မခင်မာလင်းနဲ့ သမီးဖြစ်သူတို့ဟာ ရပ်ကွက် ၄ မုံလတန်းရပ်ကွက်မှာ နေထိုင်သူတွေဖြစ်ပြီး ရေသန့်ဘူးခွံ၊ ပုလင်းခွံ ကောက်ပြီး ဝမ်းစာရှာဖွေစားသောက်နေတဲ့သူတွေ ဖြစ်ပါတယ်။