Home
မြန်မာသတင်း
ထီးလင်းရဲစခန်းနှင့်ဘဏ် လက်နက်ကြီးဖြင့် ပစ်ခံရ
DVB
·
August 27, 2022
300224915_187205630432528_4189060300323877983_n

မကွေးတိုင်း ထီးလင်းမြို့မှာ ဩဂုတ် ၂၅ ရက်နဲ့ ၂၆ ရက်က တောင်ဘက်ရဲစခန်းနဲ့ မြန်မာ့ စီးပွားရေးဘဏ်ကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်လို့ YDF-ထီးလင်းက ပြောပါတယ်။

ဩဂုတ် ၂၅ ရက်က ညနေ ၄ နာရီလောက်က ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့က ၆၀ မမ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် တောင်ဘက်ရဲစခန်းရဲ့ လူပျိုဆောင်ရှေ့ ကျရောက် ပေါက်ကွဲခဲ့ပြီး ရဲ ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ YDF-ထီးလင်းရဲ့ ခေါင်းဆောင် သခင်ဇော်က ပြောပါတယ်။

ဒ့ါအပြင် စစ်သား ၈ ယောက်လောက် လုံခြုံရေးယူထားတဲ့ မြန်မာ့စီးပွားရေးဘဏ်ကို သြဂုတ် ၂၆ ရက်နေ့လယ်ပိုင်းမှာ တာဝေးပစ်လက်နက်နဲ့ပစ်ခတ်ခဲ့တာကြောင့် သေဆုံးဒဏ်ရာရသူရှိနိုင်တယ်လို့ ဆိုပါတယ်။

အခုလို ပစ်ခတ်တာကြောင့်  စစ်တပ်နဲ့ရဲဘက်က ထိခိုက်သေဆုံးမှုရှိတယ်လို့ YDF-ထီးလင်းက ပြောဆိုပေမဲ့ အတည်မပြုနိုင်သေးပါဘူး။  

သြဂုတ် ၂၄ ရက်ကလည်း ထီးလင်းမြို့နယ် ရွှေခုံတိုင်ကျေးရွာနားမှာ အင်အား ၁၀၀ ပါ စစ်ကြောင်းကို လမ်းက စောင့်ကြိုကာ ချုံခိုတိုက်ခိုက်ခဲ့လို့ စစ်တပ်က ၅ ယောက်ထက်မနည်း သေဆုံးပြီး အများအပြားဒဏ်ရာ ရရှိခဲ့တယ်လို့ YDF-ထီးလင်းရဲ့အဆိုအရ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024