Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကိုထိန်လင်းလက်ရာ သစ်ထွင်းပန်းချီ မဲလက်မှတ် တရက်အတွင်း စောင်ရေ ၁၀၀၀ ကျော်ရောင်းရ
DVB
·
August 26, 2022
DASSK's Young Son Ko Htein Lin

နွေဦးတော်လှန်ရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းကိုယ်တိုင် ဖန်တီးထားတဲ့ သစ်ထွင်းပန်းချီကား  မဲလက်မှတ်တစောင်ကို အမေရိကန်ဒေါ်လာ ၁၀၀ နဲ့ စတင်ရောင်းချနေရာမှာ ပထမတရက်အတွင်း လက်မှတ်စောင်ရေ ၁၀၆၅ စောင်ရောင်းချခဲ့ရပြီးဖြစ်တယ်လို့ သိရပါတယ်။

“ချိုးဖြူငှက်တို့ ပျံသန်းစေ အမေ့သားရဲ့ မေတ္တာဆန်ရေ” လို့ အမည်ပေးထားတဲ့ ဒီပရောဂျက်ကိုတော့ ပန်ဆယ်လိုနဲ့အတူ တော်လှန်ရေးရန်ပုံငွေရှာဖွေရေးအဖွဲ့တွေက စီစဉ်ပြီး လက်မှတ်ရောင်းချရငွေ အားလုံးကို မတရားမှုကို တော်လှန်ဖို့နဲ့ ဘေးဒဏ်သင့် ပြည်သူတွေအတွက် အပြည့်အဝ ပြန်လည်လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

“သတင်းကောင်းပါ။ ဆန်ရေ Project ရဲ့ တစ်နေ့တာလျာထားTarget ကို ပြည့်မီရုံအပြင် ကျော်လွန်ပါတယ်။ 24 Hours အတွင်း လက်မှတ်အစောင် 1065 စောင် ရောင်းရထားပြီး အမေရိကန်ဒေါ်လာ 106,500 ရရှိထားပါပြီ။ ကိုထိန်လင်းကတော့ သူ့မိတ်ဆွေဝယ်ယူထားတဲ့ လက်မှတ်လေးကို ကြည့်ပြီး စိတ်လှုပ်ရှားပျော်ရွှင်နေပုံပါပဲ။ ကဲ…. FR တွေကလည်း ရောင်းပေးဖို့ လက်တပြင်ပြင်ပဲဗျို့။ Day 2 လေး Target မီ အောင် ဆက်ဆွဲလိုက်ကြရအောင်။”

အကြမ်းဖက်စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန် ကတည်းက ခုချိန်ထိတိုင်အောင် ဥပဒေမဲ့ နိုင်ငံတဝန်း ပစ်ခတ်သတ်ဖြတ်မှုတွေ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေကို ကျူးလွန်နေတာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ တနှစ်ခွဲကျော် ကြာမြင့်လာခဲ့ပြီ ဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကြား မြေပြင်တိုက်ပွဲတွေလည်း ပြင်းထန်နေပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေပြီး တော်လှန်ရေး ရန်ပုံငွေတွေကိုလည်း ကမ်ပိန်းတွေအမျိုးမျိုးလုပ်ပြီး နည်းလမ်းပေါင်းစုံနဲ့ ရှာဖွေနေတာဖြစ်ပါတယ်။

အခု “ချိုးဖြူငှက်တို့ ပျံသန်းစေ အမေ့သားရဲ့ မေတ္တာဆန်ရေ” လို့ အမည်ပေးထားတဲ့ ဒီပရောဂျက်မှာတော့ ကိုထိန်လင်းကိုယ်တိုင် ဖန်တီးထားတဲ့ သစ်ထွင်းပန်းချီကား  မဲလက်မှတ်ကို  အောက်ပါ လင့်ခ်တွေမှာ သွားရောက်လေ့လာ ဝယ်ယူနိုင်ပါတယ်။

လက်မှတ်ဝယ်ယူရန် 👇

https://www.springsignature.net

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024