Home
မြန်မာသတင်း
စားဝတ်နေရေး အဆင်မပြေသဖြင့် လူကူးခုံးကျော်တံတားပေါ်မှ အမျိုးသား ၁ ဦး ခုန်ချ
DVB
·
August 25, 2022
300979819_10158908763687913_8308250473688593491_n
mayangone

စီးပွားရေးကျပ်တည်းပြီး မိသားစုစားဝတ်နေရေးအဆင်မပြေတဲ့အတွက် ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ လူကူးခုံးကျော်တံတားပေါ်ကနေ  အသက် ၅၈ နှစ်အရွယ် အမျိုး သားကြီးတစ်ဦး  သြဂုတ် ၂၅ ရက် ဒီနေ့မနက်ပိုင်းက  ခုန်ချခဲ့တယ်လို့ မရမ်းကုန်းမြို့ခံတွေဆီက သိရပါတယ်။

မရမ်းကုန်းမြို့နယ်၊ အမှတ် ၉ ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းမကြီးပေါ်ရှိ လူကူးခုံးကျော်တံတားပေါ်ကနေ ခုန်ချခဲ့တာဖြစ်တယ်လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

"အသက်လဲကြီးပါပြီ သူ့ကြည့်ရတာ စိတ်ညစ်နေတဲ့ပုံ တံတားပေါ်က တက်သွားပြီး ခုန်ချတာ။ လူတွေလည်း လန့်သွားတယ်။ စိတ်ထဲလည်းမကောင်းဘူး။ ပရဟိတကားတွေ လာသယ်ပြီး ဆေးရုံပို့ပေးကြတယ်"လို့ ပြောပါတယ်။

ခုံးကျော်တံတားပေါ်က ခုန်ချသူဟာ မြောက်ဒဂုံမြို့နယ်မှာ နေထိုင်တဲ့ အသက် ၅၈ နှစ်အရွယ် ဦးစိုင်းမြင့်မိုးဖြစ်တယ်လို့ သွားရောက်ကူညီခဲ့တဲ့ မြန်မာ့ကြယ်ဖြူလူမှုကူညီရေးအသင်း တာဝန်ရှိသူ တယောက်က ပြောပါတယ်။

"အဲ့ဒီဦးလေးက အိမ်ကပျောက်နေတာကြာပြီ စိတ်ညစ်လို့ လုပ်တယ်လို့ ထင်တာပါပဲ။ အခုသူ့မိသားစုနဲ့ ဆက်သွယ်ပေးလိုက်ပြီ။ မသေပါဘူး မြောက်ဥက္ကလာ မေဓါဝီဆေးရုံမှာ တင်ထားတယ်။”

ဦးစိုင်းမြတ်မိုးဟာ  တံတားပေါ်က ခုန်ချခဲ့တဲ့ အရှိန်ကြောင့် ခါးဆစ်ရိုးကျိုးသွားပြီး မေဓာဝီဆေးရုံ မှာ ဆေးကုသမှုခံယူနေတယ်လို့  မြန်မာ့ကြယ်ဖြူလူမှုကူညီရေးအသင်းကနေ သိရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် တိုင်းပြည်စီးပွားရေး ယိုယွင်းကျဆင်းလာနေတာနဲ့ အမျှ ကျပ်ငွေတန်ဖိုး စံချိန်တင် ဖောင်းပွ ငွေတန်ဖိုးကျဆင်းလာပြီး အလုပ်အကိုင်ပိုမိုရှားပါးလာတာ ကြောင့် ပြည်သူလူထုတွေ  စားဝတ်နေရေး အဆင်မပြေ ကျပ်တည်းမှုနဲ့ ရင်ဆိုင်ကြုံတွေ့ နေရတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013