Home
မြန်မာသတင်း
မြိတ်ခရိုင်တပ်ရင်း ၁ အထူးတပ်သား အပတ်စဥ် ၁ သင်တန်းဆင်းပွဲပြုလုပ် (ဓာတ်ပုံ)
DVB
·
August 22, 2022
299976932_1426079244540454_4727612037361762050_n
299656076_1426079267873785_5006371701909781899_n
299931262_1426079381207107_5568123137056210197_n
299875235_1426079414540437_7958710163689123341_n
299786033_1426078921207153_6914307439979417054_n

NUG တောင်ပိုင်းတိုင်း စစ်ဒေသ၊ တနင်္သာရီစစ်ဒေသခွဲ မြိတ်ခရိုင်တပ်ရင်း-၁ အထူးတပ်သား (ကွန်မန်ဒို) အပတ်စဥ် ၁ သင်တန်းဆင်းပွဲကို ပုလောမြို့နယ်ထဲမှာ သြဂုတ် ၂၁ ရက် နေ့လယ်ပိုင်းက ပြုလုပ်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

သင်တန်းဆင်းပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် ပေးပို့တဲ့ သဝဏ်လွှာကို ဖတ်ကြားခဲ့ပြီး သင်တန်းဆင်းတပ်ဖွဲ့ဝင်တွေကို သင်တန်းပြီးမြောက်ကြောင်း လက်မှတ်တွေလည်း ပေးအပ်ခဲ့ပါတယ်။

သင်တန်းကာလ ၃ ပတ်ကြာမြင့်ခဲ့တဲ့ အဲဒီသင်တန်းမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ အထူးလေ့ကျင့်ပေးခဲ့ပြီး ကိုယ်ကာယကြံ့ခိုင်မှုအတွက်လည်း ပြင်းပြင်းထန်ထန်လေ့ကျင့်ခဲ့ကြတယ်လို့ သိရပါတယ်။

သင်တန်းအစမှာ သင်တန်းသား ၆၀ လောက်ကို လေ့ကျင့်ပေးခဲ့ပေမယ့် လေ့ကျင့်မှု ပြင်းထန်တဲ့အတွက် သင်တန်းသား ၂၀ ကျော်လောက်ပဲ သင်တန်းဆင်းနိုင်ခဲ့တယ်လို့ ပုလောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော် တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

"အစက ၆၀ လောက်ကို နောက်ဆုံး ၂၀ ကျော်ပဲ ကျန်တယ်၊ လေ့ကျင့်မှု ပြင်းထန်လို့ပါ။ သေနတ်အစစ်တွေသုံးတယ်၊ လေ့ကျင့်မှုပြင်းထန်တော့ ပြုတ်ပြုတ်ကျန်ခဲ့တာ။” 

သင်တန်းဆင်း အခမ်းအနားမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်ကို နမ်းတာ၊ သစ္စာရေသောက်တာတွေအပြင် ထူးချွန်သင်တန်းသားတွေကိုလည်း ဆုချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

ပုလောမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ် မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး နှစ်ဖက်စလုံး ထိခိုက်ကျဆုံးမှုတွေ ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024