စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတံတားပေါ်မှာ လူတစ်စုက ကချင်လွတ်မြောက်ရေးတပ်မတော် KIA/KIO အလိုမရှိကြောင်း ဆိုင်းဘုတ်တွေကိုင်ဆောင်ပြီး သြဂုတ် ၁၄ ရက်က ဆန္ဒပြခဲ့ပါတယ်။
ဗမာနဲ့ တိုင်းရင်းသားများအားသွေးခွဲနေသော ဘုံရန်သူ KIA /KIO အလိုမရှိ၊ ကျောင်းသား လူငယ်တွေကို လမ်းမှားပို့နေသော KIA /KIO အလိုမရှိ၊ စစ်ကိုင်းတိုင်းအားပျက်စီးစေသော ဘုံရန်သူအလိုမရှိဟူသော စာတွေကိုင်ဆောင်ပြီး ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့တာဖြစ်ပါတယ်။
မြန်မာပြည်တွင်းမှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူတွေကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးပစ်ခတ်သတ်ဖြတ်နေချိန်မှာ အခုလို KIA/KIO ကို ဆန္ဒပြတာဖြစ်ပြီး အဆိုပါ ဆန္ဒပြလူစုတဲ့ နောက်ကွယ်မှာ ဘယ်အဖွဲ့အစည်းရှိနေလဲဆိုတာတော့ အတိအကျမသိရ သေးပါဘူး။
စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတစ်ခုနဲ့ SNA ရှမ်းနီစခန်းတစ်ခုကို KIA/KIO နဲ့ PDF တို့ ပူးပေါင်းပြီး မကြာသေးခင်က တိုက်ခိုက် သိမ်းပိုက်ခဲ့ပါတယ်။