Home
မြန်မာသတင်း
နေအိမ်မီးရှို့ခံရသည့် ပေါက်ပြည်သူများကို PPC က တအိမ်ထောင် ကျပ် ၁ သိန်းခွဲစီ ထောက်ပံ့
DVB
·
August 13, 2022
298334410_184153577404400_3361648891919789794_n
298028725_184153637404394_8807924244464431565_n
297447990_184153774071047_2731901506581059184_n

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်း တောင်ချိုရွာမှာ ဩဂုတ် ၁၂ ရက်က စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခံရတဲ့ အိမ်ထောင်စုတွေကို ပြည်သူ့စွမ်း အားတပ်ပေါင်းစု PPC က လူသားချင်းစာနာထောက်ထားခြင်းဆိုင်ရာ အကူအညီအထောက်ပံ့တွေ ပေးအပ်ခဲ့ပါတယ်။

တောင်ချိုကျေးရွာကို ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်နေ့က အကြမ်းဖက်စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၉ လုံး၊ ဆန်၊ စပါး၊ ကြက်သွန်၊ မြေပဲတွေနဲ့ စည်းစိမ်ဥစ္စာတွေ ပျက်စီးခဲ့တယ်လို့ NUG-MOD အနောက်ပိုင်းတိုင်း၊ တပ်မဟာ(၇)၊ တပ်ရင်း(၇၁၂) - ပြည်သူ့စွမ်းအားတပ်ပေါင်းစု PPC ရဲ့ ပြင်ပဆက်ဆံရေးနှင့်ဆေးဘက်ဆိုင်ရာ တာဝန်ခံသုတက ဒီဗွီဘီကို ပြောပါတယ်။

မီးရှို့ဖျက်ဆီးခံခဲ့ရတဲ့ နေအိမ်/အိမ်ထောင်စု ၁၉ စုအတွက် စိုက်ပျိုးမွေးမြူရေး စရိတ်အဖြစ် တအိမ်ထောင်ကို ၁ သိန်းခွဲကျပ်ဆီ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူက မွေးဖွားလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်လို့ ပြည်သူတွေ ဒုက္ခရောက်ချိန်မှာ တတ်စွမ်းသလောက်ကူညီခဲ့တာဖြစ်ပြီး အခုထက် ပိုမိုထောက်ပံ့ကူညီပေးနိုင်ဖို့ မိမိတို့တတ်နိုင်သရွေ့ ပူပေါင်းပါဝင်ကူညီပေးကြဖို့ မေတ္တာရပ်ခံတောင်းဆိုထားပါတယ်။

ဆိပ်ဖြူမြို့နယ် ပိုင်းကျေးရွာမှာ  ဇူလိုင်ဒုတိယပတ်အတွင်း စစ်ကောင်စီတပ်က မုဒိန်းကျင့် သတ်ဖြတ်ခဲ့တဲ့ မနှင်းဝေရဲ့ မိသားစုကို ငွေ ၁ သိန်းကျပ် ထောက် ပံ့ပေးခဲ့သလို ပေါက်မြိုနယ်တောင်ပိုင်းက ပြည်သူပညာရေးကျောင်း တကျောင်းက ကျောင်းသား၊ ကျောင်းသူတွေကို ကျန်းမာရေး စစ်ဆေးပေးကာ အဝတ်အထည်တွေ ထောက်ပံ့လှူဒါန်းပေးခဲ့ တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024