Home
သတင်းဓာတ်ပုံ
ဂန့်ဂေါ PDF က တောင်သူများ ရာသီပေါ်သီးနှံ ရိတ်သိမ်းရာတွင် ကူညီ (ဓာတ်ပုံ)
DVB
·
August 9, 2022
298462644_583412733427400_2254029261217828368_n
298321122_583412893427384_817517635045222668_n
297858429_583412990094041_8840932311600310270_n
297368688_583413176760689_3458268947672990432_n

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်အခြေစိုက် ဂန့်ဂေါ PDF တပ်ဖွဲ့ဝင်တချို့ဟာ ဒေသခံတောင်သူတွေ ရာသီပေါ်သီးနှံ နှမ်းတွေရိတ်သိမ်းရာမှာ ကူညီပေးခဲ့တယ်လို့ ဂန့်ဂေါ PDF တာဝန်ခံက ပြောပါတယ်။

“အခုချိန်ခါ ရွာတွေနဲ့ ဝေးလံတဲ့ နေရာတွေမှာ နှမ်းခုတ်ငှားရမ်းတဲ့အချိန် လူတွေက မလိုက်နိုင်တာနဲ့ တချို့တောင်သူတွေမှာ နှမ်းခုတ်ငှားဖို့ ငွေကြေးမတတ်နိုင်တာတွေ ရှိပါတယ်။ အဲလို အခက်အခဲရှိပြီး အကူအညီလိုနေတဲ့ တောင်သူတွေကို စစ်ကြောင်းခဏအေးနေချိန် လိုက်လံကူညီပေးနေတာပါဗျ။ ပြည်သူနဲ့ PDF ဆိုတာ ရေနဲ့ငါးလိုပါပဲ။ ရေမရှိဘဲ ငါးတွေ အသက်မရှင်နိုင်သလို ပြည်သူတွေမရှိဘဲ PDF ဆိုတာလည်း ဖြစ်မလာနိုင်ပါဘူး။ PDF ဆိုတာ ပြည်သူတွေ လိုအပ်နေချိန်မှာ ပြည်သူကိုကာကွယ်ဖို့ ကူညီဖို့ အမြဲအဆင်သင့်ပါ။”

လတ်တလောမှာတော့ ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံ PDF တပ်ဖွဲ့ဝင်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ဒေသခံတွေအနေနဲ့ ဘေးလွတ်ရာဒေသတွေမှာ ထွက်ပြေးတိမ်းရှောင်နေရဆဲ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024