Home
မြန်မာသတင်း
တာချီလိတ်၊ မန်တုံနှင့် ရပ်စောက်တွင် ရေကြီးရေလျှံ (ဓာတ်ပုံ)
DVB
·
August 9, 2022
297955943_3498301160309932_1654572290759364426_n (1)
297782392_3498301163643265_5509350508100227981_n
297714003_3498301153643266_7006423767475163141_n
298006169_3498715366935178_772327829538967539_n
297994535_3498715403601841_5503040170047367550_n
297743935_3498715390268509_4725772105499385505_n
298461516_3498496946957020_5575607661616503154_n
298267761_3498496926957022_2873505922986050726_n
298199612_3498496846957030_4754819801717435961_n
298197106_3498496856957029_6155431258790522283_n
298048872_3498496860290362_2774038696542091785_n

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့မှာ ဩဂုတ် ၈ ရက် မွန်းလွဲ ၁ နာရီ လောက်က  မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေစီးဆင်းတာကြောင့်  ဆန်ဆိုင်း(ခ)ရပ်ကွက်နဲ့ မယ်ခေါင်ရပ်ကွက်တွေမှာ  ကားလမ်းတွေပေါ် ရေကြီး ရေလျှံမှုဖြစ်ပွားခဲ့ပါတယ်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မန်တုံမြို့နယ်၊ မြို့မရပ်ကွက်မှာလည်း မနေ့မွန်းလွဲ ၁ နာရီလောက်က  နမ့်ကုန်ချောင်းရေမြင့်တက်ပြီး မြို့မရပ်ကွက်ရှိ အိမ်ခြေ ၅၀ လောက်   ရေဝင်ရောက်လို့ ဒေသခံတွေကို ကယ်ဆယ်ရေးအဖွဲ့က  ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ရပါတယ်။

ရှမ်းပြည်နယ်၊ ရပ်စောက်မြို့မှာလည်း မနေ့က ဇော်ဂျီရပ်ကွက်နဲ့ ဥတ္တံတားရပ်ကွက်တို့မှာ ဇော်ဂျီချောင်းနဲ့ တံတားမိုးချောင်းရေလျှံလို့ နေအိမ်တွေထဲ ရေများဝင်ရောက်တဲ့ ပြည်သူတွေကို ဘေးလွတ်ရာသို့ ကူညီရွှေ့ပြောင်းပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ထားပါတယ်။

Photo-MFSD

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024