စစ်ကိုင်းတိုင်း ဆားလင်းကြီးနဲ့ ပုလဲမြို့နယ်တွေက စစ်ကောင်စီတပ်ရင်း/တပ်ဖွဲတွေဆီက ထွက်ပြေးခဲ့ကြတဲ့ တပ်ပြေးပေါင်း ၁၉ ဦးထိ ရှိလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တပ်ပြေးတွေကတော့ ဆားလင်းကြီးမြို့နယ်က ၁၇ ယောက်နဲ့ ပုလဲမြို့နယ်က ၂ ယောက်လို့ သိရပြီး ဘယ်အဖွဲ့အစည်းတွေဆီ ရောက်ရှိသွားတယ်ဆိုတာကိုတော့ မသိရသေးဘူးလို့ ဒေသခံ တဦးက ပြောပါတယ်။
“တပ်တွင်းဖရဲသီးတွေ ပြောတာကတော့ ထွက်ပြေးတဲ့ သူတွေထဲမှာ လက်နက်အပြည့်အစုံပါတဲ့သူ ရှိသလို မပါတဲ့သူတွေလည်း ရှိတယ်။”
တပ်က ထွက်ပြေးသွားတာဟာ သြဂုတ် ၅ ရက်ကဖြစ်ပြီး ထွက်ပြေးသွားပြီးနောက် သြဂုတ် ၆ ရက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့က အဲဒီဒေသအနီးတဝိုက်ကို ရဟတ်ယာဥ် အသုံးပြုပြီး ရှာဖွေခဲ့ကြတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လက်တလောမှာတော့ တပ်က စွန့်ခွာထွက်ပြေးလာတဲ့ ၁၉ ဦးနဲ့ပတ်သက်လို့ ဘယ်အဖွဲ့အစည်းဆီ ရောက်ရှိတာ၊ ဘယ်သူက လက်ခံထားတယ်ဆိုတဲ့ ထုတ်ပြန်ကြေညာထားတာမျိုးလည်း မရှိသေးပါဘူး။