မွန်ပြည်နယ် ရေးမြို့နယ်အတွင်း အများပြည်သူ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး နဲ့ ရပ်ရွာအေးချမ်း တည်ငြိမ်ရေးကို ထိခိုက်ပျက်ပြားစေတဲ့ လုပ်ရပ်တွေကြောင့် စစ်ကောင်စီရဲ့ လက်အောက်ခံ မြို့နယ် အထွေထွေအုပ်ချုပ်ရေးစီးဌာနက ဒေသန္တရ အမိန့်စာကို သြဂုတ် ၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့ အများပြည်သူအသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကို ထိခိုက်မှု တွေ ဖြစ်ပေါ်လာတဲ့အတွက် အခုလို ဒေသန္တရအမိန့် ထုတ်ပြန်ရတာလို့ ဆိုပါတယ်။
ဒေသန္တရအမိန့် အပိုဒ် ၇ ပိုဒ်ပါ တွေထဲမှ ရပ်ကျေးအုပ်ချုပ်ရေးမှူး ထောက်ခံစာ နဲ့ နိုင်ငံသားစိစစ်ရေးမှတ်ပုံတင်ရှိမှ နယ်ကျော်ခရီးသွားလာခွင့်ပြုမှာဖြစ်ပြီး ရေးမြို့နယ်အတွင်း ယာဉ်နဲ့. လူတွေကို ည ၈ နာရီမှ နောက်နေ့ မနက် ၄ နာရီအတွင်း သွားလာခွင့်မပြုပါဘူး။
မြို့တွင်းလမ်း နေရာတွေမှာလည်း ဌာနဆိုင်ရာရုံးတွေ အများစု ရှိတဲ့နေရာနဲ့ စစ်တပ် ရဲ့လူသွားလမ်း နေရာတချို့မှာ လမ်း ၆ နေရာတွေကို ခွင့်ပြုထားတဲ့ ယာဉ်နဲ့လူ သွားလာခြင်းပြုရန် ထုတ်ပြန်ထားပါတယ်။
ဆိုင်ကယ်စီးနင်းသူတွေ လိုက်နာရမယ့် အချက်မှာ ဆိုင်ကယ် ၁ စီး မှာ အမျိုးသား ၂ ဦး မစီးရ၊ အမျိုးသမီးတဦး နောက်မှာ အမျိုးသားတဦး လိုက်မစီးရသလို လုံခြုံရေး ဆောင်ရွက်နေစဉ် ယာဉ်တွေ စစ်ဆေးခံရမှာ ဖြစ်ပါတယ်။
ရေး မြစ်ကူးတံတား နဲ့ ချောင်းတောင်ကျေးရွာ မြစ်ကူးတံတားပေါ်မှာ ယာဉ်မောင်းကလွဲပြီးကျန်တဲ့ ယာဉ်ပေါ် လိုက်ပါသူတွေ ခြေလျင် လမ်းလျှောက်သွားရမည်ဖြစ်ပြီး တံတားပေါ်မှာ အကြောင်းမဲ့ မည်သည့် ယာဉ်မှ မရပ်ရပါ။
ရေးမြို့နယ်အတွင်းက ကူတိုးရေယဉ်များနဲ့စက်တပ်ရေယာဉ် နဲ့ ပင်လယ်ငါးဖမ်းလှေတွေက အစ သက်ဆိုင်ရာတွေမှာ အဝင်အထွက်အားလုံးကို သတင်းပေးပို့ရမယ်လို့ သတ်မှတ်ထားပါတယ်။
သတ်မှတ်ထားတဲ့ ပညာပေးကာလက သြဂုတ် ၆ ရက်မှ သြဂုတ် ၁၂ ရက်နေ့အထိ ဖြစ်ပြီး ပညာပေးကာလ ကျော်လွန်သွားပါက တည်ဆဲ ဥပဒေအတိုင်း ရာဇာ သတ်ကြီး ပုဒ်မ ၁၈၈အရ အရေးယူပြီးအမိန့်ကို ထုတ်ပြန်လိုက်ပါတယ်။