Home
မြန်မာသတင်း
မြန်မာနိုင်ငံလာမည့်ခရီးသွားများ ကိုဗစ်ဆေး အကြိမ်ပြည့်ထိုးပြီးကြောင်း သက်သေခံလက်မှတ် တင်ပြရမည်
DVB
·
August 1, 2022
369604-Myanmar-CDC-730x365

မြန်မာနိုင်ငံကို နိုင်ငံတကာလေကြောင်းလိုင်းတွေ၊ နယ်စပ်ဂိတ်တွေကတဆင့် ဝင်လာမယ့် ခရီးသွား တွေအနေနဲ့ မလာရောက်မီ ၁၄ ရက်ကျော်က ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးပြီး ကြောင်း သက်သေခံလက်မှတ် တင်ပြရမယ့်အပြင် သတ်မှတ်နေရာတွေမှာ ရောဂါပိုး စစ်ဆေးတာ ခံယူရမယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

နိုင်ငံအတွင်း လာမယ့်ခရီးသွားတွေဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ အကြိမ်ပြည့်ထိုးထားရမှာ ဖြစ်သလို မြန်မာနိုင်ငံအတွင်း မဆိုက်ရောက်မီ ၄၈ နာရီအတွင်း ဓာတ်ခွဲစစ်ဆေးထားတဲ့ ကိုဗစ်ကင်းရှင်းကြောင်း ဓာတ်ခွဲအ‌ဖြေတို့ကို တင်ပြရမှာပါ။ ဒါ့အပြင် လေဆိပ်နဲ့ နယ်စပ်ဂိတ်တွေက သတ်မှတ်ထားတဲ့နေရာတွေမှာလည်း ရောဂါပိုးစစ်ဆေးခြင်း ခံယူရမှာဖြစ်ပါတယ်။ 

ရောဂါပိုးစစ်ဆေးခြင်းအတွက် မြန်မာကျပ်ငွေ ၁၅၀၀၀ ကုန်ကျမှာဖြစ်ပြီး ခရီးသည်က ကျခံရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နိုင်ငံခြားသားခရီးသည်တွေအနေနဲ့ကတော့ အထက်ပါအချက်တွေ ပြည့်စုံရမယ့်အပြင် မြန်မာ့ခရီးသွား အာမခံလုပ်ငန်းကနေ ဝယ်ယူထားတဲ့ ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေး အာမခံဝယ်ယူထားကြောင်း အထောက်အထားကိုလည်း တင်ပြရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုးရှိသူတွေ ပြန်လည်စစ်ဆေးတွေ့ရှိနေရပြီး ဇူလိုင် ၃၁ ရက်နေ့က ဓ◌ာတ်ခွဲနမူနာ စုစုပေါင်း ၄၂၀၇ ခုကို စစ်ဆေးခဲ့ရာမှာ အတည်ပြုလူနာ ၉ ဦးတွေ့ရှိရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး အများစုမှာ ပြည်ပနိုင်ငံတွေကနေ ပြန်လည်ဝင်ရောက်လာသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024