ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်၊ ရတနာပုံအနောက်ရွာတောင်ဘက် ရွှေညောင် - ရပ်စောက်ကားလမ်းဘေးရှိ YGW ပရဟိတ မိဘမဲ့ကျောင်းမှာ ဇူလိုင် ၃၀ ရက် မွန်းလွဲ ၂ နာရီ လောက်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ဆောင် နဲ့ အိပ်ဆောင် တွေ ပြိုကျပျက်စီးသွားတယ်လို့ သိရပါတယ်။
YGW - ပရဟိတမိဘမဲ့ကျောင်းကို အခုနှစ် မတ် ၃၁ ရက်က စတင်ဆောက်လုပ်ခဲ့ပြီး မိဘမဲ့နဲ့ နွမ်းပါးကျောင်းသား ကျောင်းသူ ၁၀၀ လောက် မှီခိုနေကြရတယ်လို့ YGW - ပရဟိတကျောင်းမှ ဆရာတော် အရှင်စက္ကိန္ဒက မိန့်ပါတယ်။
လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် မီးဖိုဆောင်၊ ယောကျာ်းလေးဆောင်၊ စာသင်ခန်းဆောင်၊ ဧည့်ခံဆောင်နဲ့ ဘန်ဂလိုတွေ ပျက်စီးသွားပြီး ဆန် နဲ့ စားနပ်ရိက္ခာတွေအပါအဝင် ကျောင်းသား၊ ကျောင်းသူတွေရဲ့ အိပ်ရာ၊ အဝတ်အစားတွေနဲ့ ကျောင်းသုံးစာရေးကိရိယာတွေ မိုးစို ပျက်စီးကုန် တယ်လို့ သိရပါတယ်။
YGW - ပရဟိတကျောင်းဟာ မြန်မာတနိုင်ငံလုံးမှာ ပရဟိတ မိဘမဲ့ကျောင်းပေါင်း ၂၇ ကျောင်းရှိပြီး လက်ရှိပျက်စီးသွားတဲ့ကျောင်းကို ပြန်လည်ပြုပြင်နိုင်ဖို့ အသုံးတည့်မယ့် ပစ္စည်းတွေ နဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် စားနပ်ရိက္ခာတွေ စာရေးကိရိယာတွေ လိုအပ်နေတယ် လို့ ဆရာတော်က မိန့်ပါတယ်။
YGW ပရဟိတမိဘမဲ့ကျောင်း ရပ်စောက်မြို့ ရှမ်း/ တောင် ရဲ့ Facebook page ကနေ ဆက်သွယ်လှူဒါန်းလို့ ရသလို YGW - ပရဟိတကျောင်းမှ ဆရာတော် အရှင်စက္ကိန္ဒ ( 09455205033) KBZ PAY/WAVE PAY09455205033 ကိုလည်း ဆက်သွယ်လှူဒါန်းလို့ ရပါတယ်။