Home
မြန်မာသတင်း
စစ်ဆေးကြမ်းနေသည့် ကျိုက်ထို ဝင်းကလော့ စစ်ကောင်စီဂိတ်စခန်း ပစ်ခတ်တိုက်ခိုက်ခံရ
DVB
·
July 24, 2022
294143328_1932149733782619_4312478583516133967_n

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဝင်းကလော့ကျေးရွာအနီးက စစ်ကောင်စီဂိတ်စခန်းဟာ ဇူလိုင် ၂၃ ရက်နေ့ ညနေ ၄ နာရီအချိန်လောက်က ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ သထုံခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ဒီဗွီဘီကို ပြောပါတယ်။

အဲဒီဝင်းကလော့ စစ်ကောင်စီဂိတ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ပူးပေါင်းအဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီဂိတ်စခန်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်းနဲ့ ထိခိုက်သေဆုံးမှု အခြေအနေ အသေးစိတ်ကို ဆက်လက် စုံစမ်းနေတယ်လို့ သထုံခရိုင် PDF တာဝန်ခံက ပြောပါတယ်။

စစ်ကောင်စီဂိတ်စခန်း တိုက်ခိုက်ခံရပြီးနောက် မိနစ် ၁၀ နီးပါးကြာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့ပေမယ့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းအဖွဲ့က တစုံတရာ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံတွေအဆိုအရ အဲဒီစစ်ကောင်စီဂိတ်စခန်းဟာ ဥယျာဉ်ခြံသွားနေတဲ့ ဒေသခံတွေအပြင် လမ်းသွားလမ်းလာ ဆိုင်ကယ်နဲ့ကားတွေကိုလည်း အမြဲလိုလို တင်းတင်းကြပ်ကြပ်စစ်ဆေးနေပြီး စစ်ဆေးမခံတဲ့ ကားတွေကိုလည်း  ပစ်ခတ်တိုက်ခိုက်နေတာပါ။

ကျိုက်ထိုမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်ဒုတိယအပတ်ကစပြီး စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲ‌တွေ ငြိမ်သက်နေပေမယ့် စစ်ကောင်စီတပ်ကတော့ ကျေးရွာတွေထဲကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024