Home
မြန်မာသတင်း
မော်လမြိုင်တွင် စာသင်ကျောင်းအုတ်တံတိုင်း ပြိုကျပြီး ၅ ဦး သေဆုံး၊ ၁ ဦး ဒဏ်ရာရ
DVB
·
July 22, 2022
294281496_1931160480548211_911812499136872260_n
294182676_1931160500548209_3663524231353456321_n
294140180_1931160420548217_8520115579310582826_n
293927848_1931159917214934_3793901221974434050_n
293746071_1931159967214929_2980464483532325328_n

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေတောင်ရပ်ကွက်မှာ  အမှတ်(၅) အထက်တန်းကျောင်း အုတ်တံတိုင်းပြိုကျတာကြောင့် လူ  ၅ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက  ဒီဗွီဘီကို ပြောပါတယ်။

အဲဒီကျောင်းအုတ်တံတိုင်းဟာ ဇူလိုင် ၂၂ ရက် မနက် ၉ နာရီလောက်မှာ စာသင်ကျောင်းဘေးက ဈေးဆိုင်တန်းတွေအပေါ် ပြိုကျခဲ့တာ ဖြစ်ပါတယ်။

အုတ်တံတိုင်း ပြိုကျမှုကြောင့် အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၂ ဦး သေဆုံးခဲ့ပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

အုတ်တံတိုင်းပြိုကျမှုကြောင့် သေဆုံးသွားတဲ့သူတွေနဲ့ ဒဏ်ရာရရှိခဲ့တဲ့သူကို မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး လက်ရှိမှာတော့ ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြီးစီးသွားပြီးလို့ ဆိုပါတယ်။

အထက(၅) စာသင်ကျောင်း အုတ်တံတိုင်း နှစ်ပေါင်းများစွာ  ကြာမြင့်နေပြီး ဖြစ်သလို မော်လမြိုင်မှာ မိုးဆက်တိုက် ရွာသွန်းနေတာကြောင့် မြေနူးပြီး ပြိုကျခဲ့တာ ဖြစ်ပါတယ်။

အုတ်တံတိုင်းပြိုကျခဲ့တဲ့ နေရာကိုတော့ လတ်တလောမှာ အသွားအလာ ကန့်သတ်ထားပြီး ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024