အာဆီယံအထူးကိုယ်စားလှယ် ဒုတိယအကြိမ် မြန်မာခရီးစဉ်အဆုံးသတ် (ဓာတ်ပုံ)
DVB
·
July 5, 2022
အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရတ်ဆာခွန်းဟာ သူ့ရဲ့ ဒုတိယအကြိမ် မြန်မာခရီးစဉ်ကို အဆုံးသတ်ပြီး ဇူလိုင် ၅ ရက် ဒီကနေ့ ကမ္ဘောဒီးယားနိုင်ငံကို ပြန်လည်ရောက်ရှိသွားပါတယ်။
မြန်မာပြည်ခရီးစဉ်အတွင်းမှာ ပရတ်ဆာခွန်းဟာ စစ်ခေါင်းဆောင်အပါအဝင် စစ်ကောင်စီဝန်ကြီးတွေ၊ သံအမတ်တွေ၊ အပစ်ရပ်အဖွဲ့နဲ့ နိုင်ငံရေးပါတီတချို့က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့သလို ပုဂံမှာကျင်းပတဲ့ မဲခေါင်-လန်ချန်း နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကိုလည်း တက်ရောက်ခဲ့ပါတယ်။
Photo Credit-MFAIC