နိုင်ငံနဲ့ ပြည်သူအတွက် တာဝန်ထမ်းဆောင်ရင်း ကျဆုံး၊ ဒဏ်ရာရခဲ့တဲ့ ရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၇ က ထောက်ပံ့ကူညီတာတွေ ပြုလုပ်ပေးခဲ့ပါတယ်။
ပြည်သူလူထုရဲ့ လှူဒါန်းထောက်ပံ့ငွေတွေထဲက ခွဲဝေသုံးစွဲကာ ဇွန်လနှောင်းပိုင်းက စတင်ထောက်ပံ့ခဲ့တာဖြစ်ပြီး တပ်ရင်းရဲ့ ဘဏ္ဍာငွေအခြေအနေအရ မိသားစုတစုကို ငွေကျပ် ၂၀,၀၀၀ နဲ့ ဆန် ၁ အိတ်နှုန်းသာ ထောက်ပံ့နိုင်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်သားတွေက ရွာလုံးကျွတ် မီးရှို့ခဲ့တဲ့ ကျေးရွာတချို့မှာ ပြည်သူ့ကာကွယ်ရေးတပ်သားအချို့ရဲ့ နေအိမ်တွေလည်း ဆုံးရှုံးခဲ့တာကြောင့် အခုလို ထောက်ပံ့ပေးခဲ့တာလို့ ကလေး PDF တပ်ရင်း ၇ က ပြောပါတယ်။
နေအိမ်မီးရှို့ခံရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့မှာ မိသားစုကိုပြန်လည် ငဲ့ကွက်ပြီး PDF အဖြစ်မှ အနားယူဖို့ ဖိအားတွေဖြစ်ပေါ်လာနေကြောင်း၊ မိသားစုဝင်တွေအပေါ် လစဉ်လတိုင်း အခုလို ထောက်ပံ့ပေးနိုင်ဖို့အတွက် ပြည်ည်သူတွေရဲ့ လှူဒါန်းမှုများစွာလိုအပ်နေကြောင်း၊ ကလေး PDF တပ်ဖွဲ့ဝင်တွေအနေနဲ့လည်း စစ်အာဏာရှင်အမြစ်ပြတ် ကျဆုံးသည်အထိ တော်လှန်သွားမယ်လို့ ရဲဘော်တဦးက ပြောပါတယ်။