Home
မြန်မာသတင်း
အထူးပါမစ်ကလွဲပြီး အများပြည်သူကားတင်သွင်းခွင့် စစ်ကောင်စီ ပိတ်ပင်ထား
DVB
·
July 2, 2022
490844-Untitled-3-5-730x365

အခွင့်ထူးခံတွေအတွက်ပေးတဲ့ အထူးပါမစ်ကလွဲပြီး သာမန်အများပြည်သူ ပုဂ္ဂလိကတွေအတွက် ကားတင်သွင်းခွင့်တွေကို တရားဝင်ပိတ်ထားတယ်လို့ စစ်ကောင်စီပြန်ကြားရေးဒုဝန်ကြီးက ဗိုလ်ချုပ်ဇော်မင်းထွန်းက   ဇွန် ၁ ရက်နေ့က နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ 

လတ်တလော ဆီးဂိမ်းရွှေတံဆိပ်ဆုရှင်အားကစားသမားတွေအပါအဝင်  တခြား အခွင့်အထူးခံတွေအတွက် စစ်ကောင်စီက အထူးပါမစ်တွေထုတ်ပေးပြီး ကားတင်သွင်းခွင့်ပေးထားတာ ဖြစ်ပါတယ်။ 

ဗိုလ်ချုပ်ဇော်မင်းထွန်းက “အထူးပါမစ်နဲ့တင်သွင်းခွင့်ပေးထားတာကလွဲရင် ကျန်တဲ့ဟာတွေကို လောလောဆယ်ရပ်ဆိုင်းထားမှာ ဖြစ်ပါတယ်၊ အကြောင်းအရင်းကတော့ အများပြည်သူနဲ့သက်ဆိုင်နဲ့ သယ်ယူပို့ဆောင်ရေးနဲ့ ဆိုင်ရင် ဆောင်ရွက်ပါမယ်။ အထူးကိစ္စရပ်အနေနဲ့ ဆောင်ရွက်မှာဖြစ်ပါတယ်၊ ကျန်တဲ့ဟာတွေကိုတော့ ကန့်သတ်မှုတွေ ဆက်ရှိနေဦးမှာဖြစ်ပါတယ်”လို့ပြောပါတယ်။ 

ခုလိုမျိုး ကားတင်သွင်းခွင့်တွေကို ကန့်သတ်ထားရတာဟာ အကြောင်းအရင်းရှိပြီး ဖြေလျော့ဖို့ အချိန်တန်မှသာ ဖြေလျော့ပေးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။ 

လက်ရှိအချိန်မှာတော့ ကားတင်သွင်းခွင့်ပိတ်ပင်ထားတာကြောင့် လက်ရှိဈေးကွက်ထဲမှာကျန်နေတဲ့ ကားဈေးနှုန်းတွေဟာ ကျပ် သိန်း ၅၀ ကနေ သိန်း ၁၀၀ ကျော်အထိ ဈေးတက်တာတွေရှိလာတယ်လို့ ကားအရောင်းအဝယ် လုပ်ကိုင်သူတွေထံက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013