ကချင်အမျိုးသား ကွန်ဂရက်ပါတီ (KNC) ဥက္ကဋ္ဌ ဒေါက်တာ အမ်ကောန်လဟာ စစ်ကောင်စီတပ်က စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅ (က) အမှုတခုကနေ ကွင်းလုံးကျွတ်လွတ်မြောက်ခဲ့တယ်လို့ သူ့ရဲ့ပါတီက ထုတ်ပြန်ပါတယ်။
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဒုဗိုလ်မှူးကြီး သန်းထိုက်ကတရားလိုလုပ်ပြီး မြစ်ကြီးနားမြို့နယ် တရားရုံးမှာ ဒေါက်တာ အမ်ကောန်လကို တရားစွဲဆိုထားတဲ့အမှုကနေလွှတ်ပေးဖို့ စစ်ကောင်စီ တရားရုံးက ဇွန်လ ၂၂ ရက် ဒီနေ့ ဆုံးဖြတ်လိုက်တာပါ။
ဒေါက်တာအမ်ကောန်လကို ၂၀၂၁ ခုနှစ် ဩဂုတ်လက နေပြည်တော်မှာဖမ်းဆီးပြီး အခုနှစ် မတ်လမှာ ပုဒ်မ ၅၀၅-က နဲ့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တရားရုံးက ထောင်ဒဏ် ၂ နှစ်ချမှတ်ထားပါတယ်။
အဲဒီနောက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီးကလည်း မြစ်ကြီးနားမြို့ မြို့မရဲစခန်းမှာ ထပ်ပြီး အမှုဖွင့်ခဲ့တာကြောင့် မေလ ၉ ရက်နေ့က မြစ်ကြီးနားမြို့ အကျဉ်းထောင်ကို ရောက်လာခဲ့တာပါ။