Home
မြန်မာသတင်း
ကိုဗစ်ကြောင့်ပိတ်ထားသည့် မဲဆောက်အခြေစိုက် CDC မြန်မာရွှေ့ပြောင်းကျောင်းပြန်ဖွင့်
DVB
·
June 13, 2022
CDC School open 1
CDC School open 2
CDC School open 3
CDC Children's Development Centre
CDC School open 4

မြန်မာ-ထိုင်းနယ်စပ် ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ ကလေးငယ်တွေကို ပညာသင်ကြားပေးနေတဲ့ CDC ကျောင်းကို ဇွန် ၁၃ ရက် ဒီနေ့မနက်က ပြန်လည်စတင်ဖွင့်လှစ်သင်ကြားနေပါတယ်။

ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားတဲ့အခြေအနေကြောင့် စာသင်ကျောင်းတွေကို ပညာသင်နှစ် ၂ နှစ်လောက်ပိတ်ထားခဲ့ပြီး အွန်လိုင်းကနေသင်ကြားပေးနေရာက အခုဇွန်လမှာ ပြန်လည်ဖွင့်လိုက်တာဖြစ်ပါတယ်။

မဲဆောက်မြို့က မြန်မာရွေ့ပြောင်းစာသင်ကျောင်းတွေလည်း ပြီးခဲ့တဲ့သီတင်းပတ်ကစလို့ အသီးသီးပြန်ဖွင့်နေရာမှာ CDC ကျောင်းမှာတော့ ၂၀၂၂-၂၀၂၃ စာသင်နှစ်အတွက် ကျောင်းတက်တဲ့ ကျောင်းသား အရေအတွက် နည်းသွားတယ်လို့  CDC ကျောင်းအုပ်ဆရာကြီးမန်းရွှေနှင်းက ပြောပါတယ်။

အခုပညာသင်နှစ်အစမှာ ကျောင်းသား၊ ကျောင်းသူတွေကို အချိန်နှစ်ချိန်ခွဲသင်သွားမှာဖြစ်ပြီး တနင်္လာမှ ဗုဒ္ဓဟူးနေ့ အထိကျောင်းတက်ရမယ့်အဖွဲ့နဲ့ ကြာသပတေးမှ စနေနေ့အထိ ကျောင်းတက်ရမယ့် အဖွဲ့ဆိုပြီး နှစ်သုတ်ခွဲသင်ကြားပေးမှာဖြစ်ပါတယ်။

ကျောင်းဆရာဆရာမကတော့ စာသင်ချိန် တပတ်ကို ၆ ရက် ဖြစ်ကာ သူငယ်တန်း ကလေးတွေကတော့ တပတ်ကို  ၅ ရက် ပုံမှန်တက်ရမှာဖြစ်ပြီး ဇူလိုင် ၄ ရက်နေ့မှာတော့ ပုံမှန်ပြန်သင်ကြားသွားမယ်လို့  CDC ကျောင်းအုပ်ဆရာကြီးမန်းရွှေနှင်းက ပြောပါတယ်။

CDC ကျောင်းဟာ ၁ တန်းကနေ ၁၂ တန်းအထိ ထိုင်းပညာရေးစနစ်နဲ့ သင်ကြားပေးနေတဲ့ အထက်တန်းကျောင်းဖြစ်ပြီး ဒီကျောင်းကနေ  အောင်မြင်ပြီး  ထိုင်းပညာရေးဘွဲ့ရတဲ့ ကျောင်းသား ကျောင်းသူ အယောက် ၃၀ လောက်ရှိသွားပြီဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024