ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဝေါလေမြိုင်မြို့နယ်ခွဲရှိ ဝေါလေမြိုင်ရဲစခန်းကို ဇွန် ၁၃ ရက် ဒီမနက်အစောပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA/KNDO ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့ပါတယ်။
ဝေါလေမြိုင်ရဲစခန်းဟာ ဒေသခံ တောင်သူတွေကို စစ်ဆေးမေးမြန်းဖမ်းဆီးတာတွေ လုပ်နေတဲ့အတွက် သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှုမှာ ရဲတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးသွားတယ်လို့ KNLA တပ်ဖွဲ့ တာဝန်ရှိသူတယောက် ပြောပါတယ်။
အဆိုပါ ရဲစခန်းတွင်းက အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ ၃ ယောက်ကို ဖမ်းဆီးရမိခဲ့ပြီး ၆၀ မမလက်နက်ကြီးတစ်လက်နဲ့ လက်ငယ် ၃ လက်ကို သိမ်းဆည်းနိုင်ခဲ့ပါတယ်။
လတ်တလော ဖမ်းဆီးရမိထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို KNDO တပ်ဖွဲ့လက်ထဲပို့ဆောင် အပ်နှံထားပါတယ်။
မြန်မာ-ထိုင်းနယ်စပ် ဝေါ်လေမြိုင်၊ ကနဲလေး၊ ဆူကလီး၊ ဆုံဆည်းမြိုင်နဲ့ တခြားစစ်ကောင်စီ သတင်းပေး စစ်ကောင်စီလက်အောက်ခံစခန်းတွေကို ဆက်လက်သိမ်းပိုက်ဖို့ ဆောင်ရွက်သွားမယ်လို့ KNLA တာဝန်ရှိသူတစ်ဦးကပြောပါတယ်။