Home
မြန်မာသတင်း
မြိုင်မြို့နယ်တွင် PDF တပ်ဖွဲ့များကို ဒေသခံ ပြည်သူက ရွှေငွေများ လှူဒါန်း
DVB
·
June 11, 2022
287334746_152553810682657_6447490949813408298_n
287037087_152553924015979_7396834196176050918_n
286465026_152553164016055_3655470493503329160_n
286375352_152553860682652_6929869484827489950_n
286258796_152556284015743_8275120657421401685_n
286000876_152553134016058_4586025962372059811_n

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဇွန် ၁၀ ရက် ညနေပိုင်းက စစ်အာဏာရှင်တော်လှန်ရေးအတွက် တိုက်ပွဲဝင်နေတဲ့ PDF ရဲဘော်တွေကို  ဒေသခံပြည်သူလူထုတွေက ရွှေထည်ပစ္စည်းတွေနဲ့ ငွေကြေးတွေ လှူဒါန်းပေးခဲ့ကြတယ်လို့ မြိုင်မြို့နယ်ကျေးရွာများ တော်လှန်ရေးတပ်ဦး MVRF ကနေ သိရပါတယ်။

မြိုင်မြို့နယ်ထဲက MVRF ထိန်းချုပ်နယ်မြေက ကျေးရွာတစ်ရွာမှာ ဇွန် ၁၀ ရက် ညနေပိုင်းက စစ်အာဏာရှင်ပြုတ်ကျရေး သပိတ်ဆန္ဒပြပွဲတစ်ခုကို MVRF က လုံခြုံရေးယူပေးပြီး အားဖြည့်ပေးခဲ့ကြတယ်။ 

အဲဒီမှာ သပိတ်ခေါင်းဆောင်တွေက ပြည်သူလူထုကို လှူဒါန်းဖို့ စည်းရုံးဟောပြောတဲ့ အခါမှာ သူတို့ ပိုင်ဆိုင်တဲ့ နားကွင်းတွေ၊ နားကပ်တွေကို ချွတ်ပြီးတော့ လှူဒါန်းပေးကြတာလို့ MVRF ဥက္ကဋ္ဌ ဦးအောင်ဇေယျက ပြောပါတယ်။

“အဓိကတော့ ပြည်သူတွေရဲ့တော်လှန်ရေး အသိပေါ့။ ကိုယ်အထွတ်အမြတ်ထားတဲ့ နားကွင်းတွေ၊ နားကပ်တွေကို သူတို့ မသုံးဘဲနဲ့ PDF ကို လှူတယ်ဆိုတာက နားကပ်ထက် သေနတ်က အရေးကြီး လို့ လှူဒါန်းပေးတယ်လို့မြင်တယ်။”

ပြည်သူ အင်အား ၁၀၀ နီးပါးပါဝင်တဲ့ သပိတ်စစ်ကြောင်းကနေ ငွေသားကျပ် ၆ သိန်းနဲ့ နားကွင်း၊ နားကပ် ၂၁ ရန် တို့ကို တော်လှန်ရေးအတွက် အထောက်အပံ့အဖြစ် လှူဒါန်းလိုက်တယ်လို့ သိရပါတယ်။

အလားတူ မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကိုလည်း ဒေသခံပြည်သူတွေက လက်နက်ခဲယမ်းတွေ ဝယ်ယူနိုင်ဖို့ ရွှေထည်ပစ္စည်းတွေနဲ့ ငွေကြေးတွေ လှူဒါန်းပေးခဲ့ကြတယ်လို့ ဇွန် ၁၀ ရက်မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024