Home
သတင်းဓာတ်ပုံ
မြိုင်မြို့နယ်တွင် ဂဠုန်‌ပြောက်ကျားတပ်ဖွဲ့ တိုက်ခိုက်ရေးသင်တန်းဆင်းပွဲ ပြုလုပ် (ဓာတ်ပုံ)
DVB
·
June 10, 2022
286663278_152199984051373_5002991207008551604_n
286008596_152199944051377_7239851887555232091_n
285543460_152199770718061_7281287601644531806_n

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ဇွန် ၉ ရက်က စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေတဲ့ကြားက တိုက်ခိုက်ရေးသင်တန်း အပတ်စဥ် (၅) သင်တန်းဆင်းပွဲ ပြုလုပ်ပေးခဲ့တယ်လို့ ဂဠုန်ပြောက်ကျားတပ်ဖွဲ့ရဲ့ တိုက်ခိုက်ရေးတာဝန်ခံ ဗိုလ်ဇေယျာက ဒီဗွီဘီကို ပြောပါတယ်။

“အဓိကရည်ရွယ်ချက်ကတော့ ကျေးရွာတွေမှာ မိမိရပ်ရွာကို အကာအကွယ်ပေးနိုင်အောင် သင်တန်းပေးခဲ့တာဖြစ်ပြီး ကျေးရွာပေါင်း ၈ ရွာလောက်ကိုလည်း သင်တန်းပို့ချပေးထားကာ နောက်ထပ်လည်း သင်တန်းတွေ ထပ်ပေးသွားမယ်။ ကျနော်တို့တပ်ဖွဲ့နဲ့ နီးစပ်တဲ့ကျေးရွာတွေကို ကာကွယ်ရေးတွေဖွဲ့ပြီး သင်တန်းပေးခဲ့တာဗျ။ သင်တန်းဆင်းတဲ့ လူငယ်တွေကိုတော့ ကျေးရွာကာကွယ်ရေးအဖွဲ့ ဖြစ်တဲ့အတွက် လက်လုပ် ခါးချိုးသေနတ်တွေသာ တပ်ဆင်ပေးထားပြီး လူတိုင်းစေ့တော့ မတပ်ဆင်နိုင်သေးဘူး။”

သင်တန်းသားအရေအတွက်ကတော့ ၂၇ ယောက်ဖြစ်ပြီး သင်တန်းကာလကတော့ ၁၀ ရက်၊ ရက်တိုသင်တန်း ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။

ဆက်လက်ပြီး ဗိုလ်ဇေယျာက “ကျနော်တို့တပ်ဖွဲ့အနေနဲ့လည်း မောင်းပြန်သေနတ်တွေ နည်းပါးပြီး လက်နက်ခဲယမ်း လုံလောက်မှုမရှိဘူး။ တိုက်ပွဲတပွဲသွားမယ်ဆိုရင် သေနတ်မပါတဲ့ တယောက် အမြဲတမ်းပါတယ်။ တကယ်လို့ ကိုယ်ကျသွားရင်တောင် သေနတ်ကို တခြားတယောက်က ယူပစ်ဖို့ဆိုပြီး လူအပိုခေါ်သွားရတဲ့အထိ လက်နက်အင်အား နည်းပါးတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီ စစ်ကြောင်းတွေရဲ့ လှုပ်ရှားမှုတွေကို အဆက်မပြတ်စုံစမ်းပြီး ခုခံစစ်နဲ့ ပစ်ခတ်တိုက်ခိုက်ပြီး သင်တန်းသားတွေကို အကာအကွယ်ပေးကာ ခက်ခက်ခဲခဲ ပြုလုပ်ခဲ့ရတာလို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံ ဒေသအသီးသီးမှာရှိတဲ့ ပြည်သူတွေဟာ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင် သပိတ်မှောက် ဆန္ဒပြခဲ့ကြသလို စစ်ကောင်စီဘက်က အကြမ်းဖက် ဖြိုခွင်းဖမ်းဆီးတာတွေကြောင့် လက်နက်ကိုင်လမ်းစဥ်ကို ရွေးချယ်ကာ အခြေခံစစ်ပညာသင်တန်းတွေ ဆက်တိုက်တက်ရောက်ပြီး တိုက်ပွဲဝင်နေကြတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024