Home
မြန်မာသတင်း
ရွှေဘိုမြို့မရဲစခန်း ဗုံးပစ်လောင်ချာဖြင့် တိုက်ခိုက်ခံရ
DVB
·
June 7, 2022
285992360_161196063059958_4864760923175752155_n

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မရဲစခန်းကို ဇွန်လ ၇ ရက် မနက် ၄ နာရီက ဒေသခံကာကွယ်ရေးတပ်ဖွဲ့က ၄၀ မမ ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Black Wolf PDF က ထုတ်ပြန်ပါတယ်။

ရွှေဘိုမြို့မရဲစခန်းအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲနဲ့ စစ်သားတွေရှိနေချိန် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက  ၄၀ မမ ဗုံးသီး ၅ လုံးနဲ့  ပစ်ခတ်ခဲ့တာလည်း ဖြစ်ပါတယ်။

“ဒီမနက်ခင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ လတ်တလော ရန်သူဘက်က အသေပျောက်ကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ် " လို့ Black Wolf PDF အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ‌Black Wolf PDF အထူးတပ်သားတွေနဲ့ ရွှေဘိုခရိုင်တပ်ရင်း (၅) တပ်ခွဲ ၁ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာပါရှိ ပါတယ်။

၂၀၂၁ အောက်တိုဘာ ၁၀ ရက်ကလည်း ရွှေဘိုမြို့မရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့က လက်ပစ်ဗုံး ၁၀ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024