နွေဦးတော်လှန်ရေးကာလပုံရိပ်တွေကို ရက််စွဲအတိုင်း ကြည့်နိုင်မယ့် ရဲဘော် လို့ အမည်ပေးထားတဲ့ ရန်ပုံငွေရှာ ဓာတ်ပုံပြပွဲတခုကို ထိုင်းနိုင်ငံ မဲဆောက်မြို့က Borderline Gallery မှာ မနေ့က စတင် ပြသခဲ့ပါတယ်။
ဓာတ်ပုံဆရာ ၆ ယောက်ရဲ့ နွေဦးတော်လှန်ရေးကာလအတွင်း ရိုက်ခဲ့တဲ့ မတူညီတဲ့ ဓာတ်ပုံလက်ရာတွေကို ပြသထားပြီး တပုံကို ဒေါ်လာ ၁၀၀ သတ်မှတ်ထားကာ ဒီထက်ပိုပြီးလည်း ပေးလို့ရတယ်လို့ ပြပွဲမှာ ပါတဲ့ ဓာတ်ပုံဆရာတယောက်က ပြောပါတယ်။
ဒီပြပွဲကို ၂ ပတ်ကြာ ပြသရောင်းချသွားမှာဖြစ်ပြီး ရောင်းရငွေ အားလုံးကို နွေဦးတော်လှန်ရေး အတွက် အသုံးပြုသွားမှာဖြစ်ကာ ပြခန်းရှေ့အဝင်မှာလည်း Donation Box ထား ထားပြီး ရသမျှကို လေးကေ့ကော်စစ်ဘေးရှောင် ပြည်သူတွေဆီ လှူဒါန်းသွားမယ်လို့ သိရပါတယ်။