Home
မြန်မာသတင်း
တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနှင့် ကုလလုံခြုံရေးကောင်စီအဖွဲ့ဝင်များ အလွတ်တမ်း တွေ့ဆုံဆွေးနွေး
DVB
·
May 27, 2022
282277499_314456687542769_185020785550542218_n
282255795_314456684209436_8310469709997872412_n

မြန်မာ့ပြည်တွင်းပဋိပက္ခနဲ့ ပတ်သက်လို့  တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေ မေလ ၂၅ ရက်က အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့  ကြားကာလ ကချင်နိုင်ငံရေး ညှိနှိုင်းဆောင်ရွက်မှုအဖွဲ့ (KPICT) က သတင်းထုတ်ပါတယ်။

နော်ဝေ Mission အစီအစဉ်အနေနဲ့ တွေ့ဆုံခဲ့ကြရာမှာ KPICT အတွင်းရေးမှူး Salang Nsang Gum San တခြားတိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ကိုယ်စားလှယ်များပါဝင်ခဲ့ကြပြီး၊  မြန်မာ့ပြည်တွင်းပဋိပက္ခတွေနဲ့ တခြား သက်ဆိုင်ရာကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေဘက်က ဒီဆွေးနွေးရာမှာ  စစ်တပ်ရဲ့ အဓိကငွေကြေးထောက်တိုင်ကြီးတရပ်ဖြစ်တဲ့ ရေနံလုပ်ငန်းမှ ဝင်ငွေလမ်းကြောင်ကို ဖြတ်တောက်နိုင်ရေး၊ လုံခြုံရေးကောင်စီအနေနဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းအသီးသီးနဲ့ မျက်နှာစုံညီတွေ့ဆုံဆွေးနွေးရေးအရေးကြီးတဲ့အကြောင်း ပြောဆိုခဲ့တယ်လို့သိရပါတယ်။

ဒါ့ပြင် တိုင်းရင်းသားပြည်သူတွေအတွက် လိုအပ်သော လူသားချင်းစာနာကူညီရေး အထောက်အပံ့တွေကို အိမ်နီးချင်းနိုင်ငံတို့ရဲ့ နယ်စပ်ဂိတ်တွေမှ သယ်ယူပို့ဆောင်နိုင်ဖို့ ကူညီဆောင်ရွက်ပေးရေး၊  အာဆီယံနိုင်ငံတွေက ပူးပေါင်းဆွေးနွေးရေး လမ်းစဉ်အကောင်အထည်ဖော်ရေး တိုက်တွန်းနေတာဟာ ငြိမ်းခါနီးမီးတောက်အား အသက်ပြန်သွင်းတဲ့အသွင် မဖြစ်စေဖို့ အရေးကြီးတဲ့အကြောင်းလည်း ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

Photo- KPICT

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024