Home
မြန်မာသတင်း
ထားဝယ်မြို့ ကမ်းနားစျေးတွင် စျေးသည်အမျိုးသမီး ၁ ဦး ပစ်သတ်ခံရ
DVB
·
May 24, 2022
283173582_1365627657252280_6895556567400405804_n

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ ကမ်းနားစျေးမှာ မေ ၂၄ ရက် မနက် ၉ နာရီလောက်က အသက် ၆၀ အရွယ် ဒေါ်ညွန့်လှိုင်ဆိုသူ စျေးသည်အမျိုးသမီးတဦး ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။

မျက်မြင်တွေ့ရှိသူတဦးက “သုံးချက်ပစ်ခံရတာ ခေါင်းကိုလည်းထိတယ်၊ ခေါင်းပါပွင့်ထွက်သွားတာ၊ သွေးအိုင်ထဲလဲနေတာ လှုပ်တောင်မလှုပ်တော့ဘူး။ အလောင်းကိုတော့ အရေးပေါ်ကား ၂ စီးနဲ့လာသယ်သွားတယ်” လို့ ပြောပါတယ်။

ထားဝယ်မြို့ခံတချို့ကတော့ အဲဒီပစ်ခတ်မှုကို သွေးသောက်အဖွဲ့က လုပ်ဆောင်ခဲ့တာလို့ ပြောဆိုနေကြပေမယ့် သီးခြားအတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

ပစ်ခတ်ခံရတဲ့ ဒေါ်ညွန့်လှိုင်နဲ့ နီးစပ်သူတဦးက “သူက စျေးထဲမှာ ငါးလည်းရောင်းတယ်။ အခုပစ်ခံရတာက အပြင်မှာ ဒူးရင်သီးရောင်းနေတုန်းပစ်ခံရတာ။ အရင်ကလည်း စစ်သားတွေ သူ့သားကို လာဖမ်းတာ သူ့သားမရှိလို့ သူ့ကို ခဏဖမ်းသွားသေးတယ်" လို့ ပြောပါတယ်။

ထားဝယ်မြို့ပေါ် အချို့နေရာတွေမှာ အရင်လက NLD ပါတီဝင်တွေ၊ ဆန္ဒပြသူတွေ၊ PDF တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုဝင်တွေကို ဖမ်းဆီးသတ်ဖြတ်မယ်ဆိုပြီး သွေးသောက်အဖွဲ့ကနေ ခြိမ်းခြောက်စာတွေ လိုက်ကပ်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024