Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင် မိုးသက်လေပြင်းကြောင့် စက်လှေအချို့ နစ်မြုပ်
DVB
·
May 21, 2022
283139288_747086459647083_3173114522204167450_n

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ မေလ ၂၁ ရက် ဒီ နေ့လယ်  ၁၂ နာရီကျော်လောက်က မိုးသက်လေပြင်းတိုက်ခတ်လို့ ငါးဖမ်းစက်လှေတချို့နစ်မြုပ်ခဲ့သလို  မြေပုံမြို့နယ်မှာလည်း ခရီးသည်တင်စက်လှေ (လိုင်းဘုတ်) တစီးနစ်မြုပ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မြေပုံမြို့နယ် င/ပသုန် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဘော်ကြီးက" ဟုတ်ပါတယ်။ လိုင်းဘုတ်နဲ့ ငါးဖမ်းဘုတ် ၄ စီးနှစ်မြုပ်တာ မှန်ပါတယ်။ လိုင်းဘုတ်က လူအသေအပျောက်မရှိသလို ငါးဖမ်းဘုတ် ၄ စီးကလည်း လူအသေအပျောက်မရှိပါဘူး။ အားလုံးနီးစပ်ရာငါးဖမ်းဘုတ်တွေက ကယ်ဆယ်လို့ရလိုက်ပါတယ်။"လို့ ပြောပါတယ်။

ငါးဖမ်းစက်လှေတွေဟာ မိုးသက်လေပြင်းမိပြီး နောင်တော်ကြီး နောင်တော်ငယ်မြစ်မှာ နှစ်မြုပ်ခဲ့တာဖြစ်ပြီး ကယ်ဆယ်ရေးအချိန်မီ ပြုလုပ်နိုင်ခဲ့ကြတာကြောင့် ခရီးသည်တွေ အသက်အန္တရယ်ကင်းရှင်းခဲ့ကြတာလို့ သိရပါတယ်။

ပင်လယ်ပြင်မှာလည်း  ငါးဖမ်းစက်လှေတချို့ နစ်မြုပ်တာရှိတယ်လို့ သတင်းတွေထွက်နေပေမဲ့ အတည်ပြုလို့တော့ မရနိုင်သေးပါဘူး။

လက်ရှိ အဆက်အသွယ်မရဖြစ်နေတဲ့ ငါးဖမ်းစက်လှေတွေ တစီးနဲ့တစီး အချိတ်အဆက်ပြုလုပ်ပြီး လိုက်လံရှာဖွေနေကြဆဲဖြစ်တယ်လို့လည်း  သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024