Home
မြန်မာသတင်း
PDF နှင့် ဆက်စပ်သည်ဟု စွပ်စွဲဖမ်းဆီးထားသည့် သံတွဲဒေသခံနှစ်ဦးအား ထောင် ၃ နှစ်ချ
DVB
·
May 20, 2022
283061648_775042943661600_1053671703861215468_n
283042521_775043003661594_8035333325883502692_n
Than Twe

PDF နဲ့ ဆက်စပ်တယ်ဆိုပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲခံထားရတဲ့ သံတွဲဒေသခံ ကိုစိန်ချစ်နဲ့ ကိုရဲနိုင်ဦးတို့ကို မေ ၂၀ ရက်မှာ သံတွဲမြို့နယ်တရားက အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဒီနေ့ရုံးချိန်းမှာတော့ ကိုစိန်ချစ်နဲ့ ကိုရဲနိုင်ဦး နှစ်ယောက်လုံးကို သူတို့ကို စွဲဆိုထားတဲ့ ပုဒ်မတွေနဲ့ အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တယ်လို့ ဆိုပါတယ်။

“ဒီနေ့မှာ ကိုစိန်ချစ်နဲ့ ကိုရဲနိုင်ဦးတို့ကို မြို့နယ်တရားရုံးက သူတို့ကို တရားစွဲဆိုထားတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ပုဒ်မ ၅၂(က) နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်တယ်။”

ကိုစိန်ချစ်နဲ့ ကိုရဲနိုင်ဦးတို့ကို PDF နဲ့ ဆက်စပ်တယ်ဆိုပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလကတည်းက ဖမ်းဆီးကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က) နဲ့ ငပလီမြို့ ၅၅ တပ်ရင်းက ဗိုလ်ကြီးနေဇော်ထက်က တရားလိုလုပ်ပြီး သံတွဲမြို့နယ် တရားရုံးမှာ တရားစွဲဆိုထားတာပါ။

အခုထောင်ချခံလိုက်ရသူနှစ်ဦးဟာ မြို့နယ်တွင်း လူမှုရေးလုပ်ငန်းတွေကို တက်ကြွစွာ လုပ်ကိုင်နေကြတဲ့ လူလတ်ပိုင်းတွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိအချိန်ထိ ရခိုင်ပြည်နယ်မှာ PDF နဲ့ ဆက်စပ်တယ်ဆိုပြီး နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရသူ ၇ ဦးအထိ ရှိလာပြီဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024