ကရင်နီ (ကယား) ပြည်နယ် ၊ဒီးမော့ဆိုမြို့နယ်မှာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ စံပြ ၆ မိုင် ကျေးရွာအုပ်စုအတွင်း ကျရောက်ပြီး ပြည်သူတွေရဲ့နေအိမ်တချို့ ထိမှန်ပျက်စီးခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF-B09 က ထုတ်ပြန်ပါတယ်။
မေလ ၁၇ ရက် ည ၉ နာရီ ခွဲက ဒီးမော့ဆိုမြို့နယ် ၊ ငွေတောင်အခြေစိုက် ခြေမြန်တပ်ရင်း ၄၂၁ ၊ ခြေလျင်တပ်ရင်း ၁၀၂ တို့မှ လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် ပြည်သူတွေရဲ့ နေအိမ်တွေ ထိမှန်ပျက်စီးခဲ့တာ လို့ သိရပါတယ်။
ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF-B09 ပြန်ကြားရေး တာဝန်ရှိသူ က " ၆ မိုင်မှာက လူတွေ မရှိတာကြာပြီ။ အရင်က စံပြ ၆ မိုင်မှာ စစ်တပ်က တပ်စွဲနေထိုင်ပြီး ပြည်သူ တွေ့ရင်လည်း သတ်ပစ်လို့ မနေရဲကြတာပါ။ သူတို့ တပ်ဆုတ်သွားရင် မိုင်းတွေ ထောင်ခဲ့တာကြောင့် ပြည်သူတွေ ပြန်နေဖို့တော့ အဆင်မပြေသေးဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ က စံပြ ၆ မိုင်အတွင်း မိနစ် ၂၀ နီးပါး လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး ပြည်သူတွေရဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပေမဲ့ လူတွေထိခိုက်မှုတော့ မရှိဘူးလို့ သိရပါတယ်။