ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် သေ့ဘောဘိုးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ KNDO နဲ့ PDF တပ်ဖွဲ့တွေပူးပေါင်းပြီး မေလ ၁၈ ရက် ဒီမနက် ၁၀ နာရီလောက်က တိုက်ခိုက်ရာမှာ တိုက်ပွဲပြင်းထန် ဖြစ်ပွားနေပါတယ်။
KNLA ပူးပေါင်းတပ်ဖွဲ့တွေက သေ့ဘောဘိုး စစ်စခန်းကိုသိမ်းပိုက်နိုင်တဲ့အထိ ထိုးစစ်ပြုလုပ်နေတာဖြစ်ပြီး တိုက်ပွဲဖြစ်ရာနေရာကို စစ်ကောင်စီလေတပ်ကလည်း တိုက်လေယာဉ်နဲ့ လာရောက် ပစ်ကူပေးခဲ့ပါတယ်။
တိုက်ပွဲမှာ သေ့ဘောဘိုးအောက်ဘက်မှာ အခြေချထားတဲ့ စစ်ကောင်စီခန်းသေးတချို့ကို KNLAက သိမ်းပိုက်နိုင်ပေမဲ့ အဓိကကျတဲ့စခန်းကို အပြီးအပိုင်မသိမ်းနိုင်သေးဘဲ မွန်းလွဲပိုင်းအထိ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်ပါတယ်။
တိုက်ပွဲမှာ နှစ်ဘက်တပ်ဖွဲ့တွေ ကျဆုံးထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကိုတော့ လတ်တလော အတည်မပြုနိုင်သေးပါဘူး။