ကရင်နီ (ကယား) ပြည်နယ်၊ ဒီးမော့ဆိုမြို့အရှေ့ဘက်ခြမ်း အမှတ် ၁ ခရိုင်အတွင်း မူးယစ်ဆေးဝါးရောင်းချဖြန့်ဖြူးနေသူ ၃ ဦးကို ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF B-09 နဲ့ ကရင်နီ တပ်မတော် KA တို့ ပူးပေါင်းပြီး နေအိမ်မှာ ရှောင်တခင် ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။
မေ ၁၆ ရက်နေ့ ည ၇ နာရီ အချိန်က ဒီးမော့ဆို အရှေ့ဘက်ခြမ်းမှာရှိတဲ့ အမှတ် ၁ ခရိုင်အတွင်းမှာ မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးနေသူ ၃ ဦး ကို WY စာတန်းပါ ဆေးပြား အလုံးရေ ၃၂၀၀ ခန့်၊ ငွေသား အနည်းငယ်နဲ့အတူ ဖမ်းဆီးရမိခဲ့တာလို့ ကရင်နီအမျိုးသား ကာကွယ်ရေးတပ် KNDF -B09 မှ ပြန်ကြားရေးတာဝန်ရှိသူက ဒီဗွီဘီကို ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးရောင်းချဖြန့်ဖြူးသူ ၃ ဦးနဲ့ သက်သေခံပစ္စည်းတွေကို တိကျမှန်ကန်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပြီး ကရင်နီပြညေရဲဌာန KSP ကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။
လူငယ်တွေကို ဖျက်ဆီးမှုပြုလုပ်နေတဲ့ တရားမ၀င်မူးယစ်ဆေးဝါး ပို့ချဖြန့်ဖြူးနေသူအားလုံးကို နောက်နောင်လည်း ဖမ်းဆီးအရေးယူသွားမဘ်လို့ KNDF-B09 က ပြောပါတယ်။