ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ မြို့မရပ်ကွက်မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ ဧပြီ ၂၉ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးပြီး ၃ ယောက် အပြင်းအထန်ဒဏ်ရာ ရခဲ့တယ်လို့ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဧပြီ ၃၀ ရက် မနက်က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်ဟာ မြို့မရပ်ကွက်ကို စစ်ကြောင်းထိုးလာတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်- ဒီးမော့ဆို(DMO-Local PDF)တပ်ဖွဲ့ ဗျူဟာ(၃)မှ C ,D, E တပ်ရင်းရဲ့ တပ်ခွဲတချို့နဲ့ အလယ်ပိုင်းတိုင်း(၁၁၀၂)တပ်ရင်းမှ တပ်ခွဲတချို့တို့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
မနက် ၁၀ နာရီကနေ ၁၁ နာရီထိ ၁ နာရီလောက်ကြာအောင် အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှု မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။