Home
မြန်မာသတင်း
ဘားအံမြို့ ရေကစား မဏ္ဍပ် ၃ ခု၌ ဗုံးပေါက်ကွဲ
DVB
·
April 16, 2022
278363111_1069515450575394_736330535477106083_n

ကရင်ပြည်နယ်၊ ဘားအံမြို့မှာ သင်္ကြန်အတက်နေ့ ဧပြီ ၁၆ ရက်က စစ်ကောင်စီ ရေကစား မဏ္ဍပ် ၃ ခုမှာ ဗုံးသုံးလုံး ဆက်တိုက်ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

အဆိုပါ ဗုံးပေါက်ကွဲခဲ့တဲ့ ရေကစားမဏ္ဍပ်တွေဟာ စစ်ကောင်စီအသိုင်းအဝိုင်းနဲ့ စစ်အုပ်စုနဲ့ နီးစပ်သူတွေ သွားရောက် ရေကစားနေကြတဲ့ နေရာဖြစ်ပြီး မနက် ၁၁ နာရီလောက်က တစ်ကြိမ်၊ မွန်းလွဲ ၁၂ နာရီခွဲလောက်က တစ်ကြိမ်နဲ့ မွန်းလွဲ ၂ နာရီလောက်က တစ်ကြိမ်စီပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။

မြို့ခံပြည်သူတစ်ဦးက” ဗုံးကွဲတာကတော့ ၃ လုံးတောင်ကွဲတာ။ အဲဒီမဏ္ဍပ်တွေက စစ်ကောင်စီအသိုင်းကလူတွေ။ သင်္ကြန်မှာ လွတ်လပ်ရေးရနေတဲ့ အတိုင်းပဲ။ စစ်ကောင်စီကြောင့် နိုင်ငံအနှံ့က ဒုက္ခရောက်နေသူတွေ သူတို့နဲ့ မဆိုင်သလို စာနာမှုမရှိတဲ့ကောင်တွေ။ နည်းတောင် နည်းသေးတယ်”လို့ ဆိုပါတယ်။

အဆိုပါ ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားပြီးနောက် ဗဟိုမဏ္ဍပ်အပါအဝင် ရေကစားမဏ္ဍပ်တွေမှာ ရေကစားသူတွေ မရှိတော့တဲ့အပြင်  အသံချဲ့စက်နဲ့ သီချင်းဖွင့်နေသံတွ တိတ်ဆိတ်ငြိမ်သက်သွားတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ခိုက်ဒဏ်ရာရရှိမှုကို မသိရှိရသေးပေမဲ့ ဖြစ်ပွားပြီးနောက် စစ်ကောင်စီရဲ့တပ်နဲ့ ရဲတွေက လာရောက် ကြည့်ရှုစ်ဆေးတာတွေ၊ လမ်းဆုံလမ်းဂွတွေနဲ့ မြို့ဝင်မြို့ထွက်တွေမှာ ဖြတ်သန်းသွားလာတဲ့ လူ၊ ဆိုင်ကယ်နဲ့မော်တော်ယာဉ်တွေကို တားဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

ပြည်နယ်စစ်ကောင်စီရဲ့ ဗဟိုမဏ္ဍပ်ကို လုံခြုံရေးအခြေအနေကြောင့် သီရိလမ်း၊ သီရိကွင်း(အစိုးရရုံးအနီး)မှာ ကျင်းပခဲ့ပြီး စစ်ကောင်စီခန့်ဝန်ကြီးတွေနဲ့ NON CDM ဝန်ထမ်းတွေပဲ တက်ရောက်ခဲ့သလို့ မြို့ခံပြည်သူတွေ တက်ရောက်တာ မရှိပါဘူး။

ဘားအံမြို့ပေါ် ရပ်ကွက်တချို့မှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုးတွေက ရပ်ကွက်အတွင်းက လူငယ်တွေကိုဖိအားပေးပြီး ရပ်ကွက်မဏ္ဍပ်တွေမှာ ရေကစားခိုင်းတာတွေရှိတယ်လို့ ရပ်ကွက်နေပြည်သူတွေဆီက သိရပါတယ်။

စစ်ကောင်စီကပြုလုပ်တဲ့ သကြန်ပွဲတော်အတွင်း ရေကစားထွက်တာတွေမပြုလုပ်ဖို့နဲ့ နေအိမ်တွင်းနေထိုင်ပြီး တော်လှန်သင်္ကြန်မှာပူးပေါင်းပါဝင်ဖို့ တိုက်တွန်းထားသလို့ စစ်အုပ်စုနား ပြည်သူတွေမသွားရောက်ဖို့ တော်လှန်ရေးအင်အားစုတွေက ကြိုတင်အသိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024