မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ဆေးမင်းတောကျေးရွာက ရဲစခန်းကို ဧပြီ ၁၆ ရက် မှာ YDFထီးလင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ပွဲမှာ ရဲ ၃ ယောက်ထက်မနည်းသေဆုံးပြီး YDFဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ YDFထီးလင်းက ပြောပါတယ်။
ဆက်လက်ပြီးထီးလင်းမြို့နယ်တွင်းက ကျေးရွာပေါင်း ၇၄ ရွာရှိပြီး ကျေးရွာပေါင်း ၇၁ ရွာကို YDF ထီးလင်းက ထိန်းချုပ်နိုင်ပြီလို့ YDF ထီးလင်းရဲ့တာဝန်ခံ သခင်ဇော်က ပြောထားပါတယ်။
ဧပြီ ၁၃ ရက် သကြင်္န်အကြိုနေ့ကလည်း ထီလင်းမြို့ပေါ်က ကော်မရှင်ရုံးအနီးမှာ စစ်ကောင်စီတပ်သားတွေကို YDF ထီးလင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးနေလင်းအောင်အပါအဝင် စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးကာ လက်နက်တချို့ကို လည်း သိမ်းဆည်းရမိခဲ့ပါသေးတယ်။