မန္တလေးတိုင်း မိုးကုတ်မြို့မှာ ဧပြီ ၁၃ ရက် သင်္ကြန်အကြိုနေ့က မြို့ထဲမှာ တိတ်ဆိတ်နေပြီး ရေကစားသူတွေမရှိဘဲ ပုံမှန် လမ်းသွားလမ်းလာသာ ရှိကာ တိတ်ဆိတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် မိုးကုတ်မြို့ အရှေ့ပိုင်း မြို့လယ်ရပ်ကွက်က လမ်းလေးဆုံမှာ အိတ်အမည်းနဲ့ အထုပ် တွေ့တာကြောင့် စစ်ကောင်စီတပ်က သေနတ်နဲ့ပစ်ခတ်ခဲ့ရာ အမှိုက်ထုပ် ဖြစ်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒေသခံတဦးက "သေနတ်နဲ့ ၉ ချက်ပစ်တယ်၊ ဗုံးဆိုတော့ အနားက ဆိုင်ကလူတွေ ပြေးကြတာ၊ ပစ်တာ မပေါက်လို့ တုတ်နဲ့သွားထိုးကြည့်တော့ အမှိုက်ထုပ်ဖြစ်နေတာ" လို့ မျက်မြင်တွေ့သူ ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်က ရဲ ၇ ယောက် ရောက်လာပြီး အိတ်အမည်းနဲ့အထုပ်ကို ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။