Home
မြန်မာသတင်း
ကရင်နီပြည်နယ်တွင် KNDF ရဲဘော် ၁ ဦး လက်နက်ကြီးထိမှန် ကျဆုံး
DVB
·
April 11, 2022
277812801_1179571376112050_3204920779924828573_n

ကရင်နီပြည်နယ် (ကယား)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF-B 10  မှ ရဲဘော်တဦး ရှေ့တန်းတနေရာမှာ တာဝန်ထမ်းဆောင်ရင်း လက်နက်ကြီးထိမှန် ကျဆုံးသွားတယ်လို့ KNDF B-10 က ထုတ်ပြန်ထားပါတယ်။ 

KNDF B-10 က  ခွဲ ၁၊ စု ၃၊ စုမှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော်သျားရယ်ဟာ ဧပြီ ၉ ရက်နေ့  မနက် ၉ နာရီဝန်းကျင်အချိန်က ရှေ့တန်းတနေရာမှာ စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးထိမှန်  ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး ဧပြီလ ၁၀ ရက်နေ့ မနက် ၂ နာရီ အချိန်မှာ ကျဆုံးသွားခဲ့တာပါ။

တိုင်းပြည်နဲ့ လူမျိုးအတွက် စွမ်းစွမ်းတမံတာဝန်ထမ်းဆောင်ရင်းကျဆုံးသွားတဲ့ ရဲဘော်သျှားရယ်အား အာဇာနီ သူရဲကောင်းအဖြစ် အလေးနီပြုဦးညွှတ်ရင်း မှတ်တမ်းတင် ဂုဏ်ပြုထားပါတယ်။ 

အာဏာသိမ်းပြီးနောက် စစ်ကောင်စီရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို ကာကွယ်ရင်း ကရင်နီဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၀၁ ဦးနဲ့ KNDF တပ်ဖွဲ့က  ၃၆ ဦးကျဆုံးတယ်လို့ ဧပြီလ ၃ ရက်နေ့မှာ  တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က  ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024