Home
မြန်မာသတင်း
သပိတ်ကျင်းမြို့နယ်၌ ခရီးသွားပြည်သူတွေကို မှတ်ပုံတင်စစ်ဆေးနေ
DVB
·
April 2, 2022
277558123_1173562903379564_4524434150062322141_n

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်မှာ ဧပြီ ၁ ရက်မနက်က စစ်ကောင်စီ လက်အောက်ခံ လဝက ဝန်ထမ်းတွေနဲ့ လက်နက်အပြည့်အစုံတပ်ဆင်ထားတဲ့ စစ်ကောင်စီ တပ်သားတချို့က ခရီးသွားပြည်သူတွေကို မှတ်ပုံတင် စစ်ဆေးနေပါတယ်။

မန္တလေး - မိုးကုတ် ၊ မန္တလေး -ဗန်းမော်လမ်းဆုံရာ ဖော့တောလမ်းဆုံမှာ ခရီးသွားပြည်သူတွေကို မှတ်ပုံတင် ပါ ၊ မပါ စစ်ဆေးနေတာလို့ ဒေသခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ကတည်းက စစ်ကောင်စီ လက်အောက်ခံ လဝက ဝန်ထမ်းတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက နိုင်ငံတဝန်းက ဒေသခံပြည်သူတွေကို ထောက်ခံစာနဲ့  မြို့နယ်ဖြတ်ကျော် ခရီးသွားလာခွင့်နဲ့ တည်းခိုနေထိုင်ခွင့်တွေ  ပိတ်ပင်လိုက်ပြီးနောက် အခုလို မှတ်ပုံတင် စစ်ဆေးလာတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024