Home
မြန်မာသတင်း
ကိုဗစ်-၁၉ ကပ်ရောဂါအတွက် စီမံကိန်းအသစ် WHO ထုတ်ပြန်
DVB
·
March 31, 2022
WHO's Tedros

ကိုဗစ်-၁၉ ကပ်ရောဂါအတွက် စီမံကိန်းအသစ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) က မတ် ၃၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

"ဒီနှစ်ထဲမှာ ကပ်ဘေးက ဘယ်လို တိုးတက်ပြောင်းလဲလာမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဖြစ်နိုင်ချေရှိတဲ့ အနာဂတ် ခန့်မှန်းခြေ သုံးရပ်ကိုလည်း တွက်ပြထားပါတယ်။ ကျနော်တို့ အခု သိထားတာကို အခြေခံပြီး ဖြစ်နိုင်ချေအရှိဆုံး အနာဂတ် မှန်းခြေကတော့ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ဟာ ဆက်ပြီး အဆင့်ဆင့် သန္ဓေပြောင်းနေလိမ့်မယ်။ ဒါပေမဲ့ ကူးစက်မှုနဲ့ ကာကွယ်ဆေးတွေကြောင့် ရောဂါခုခံနိုင်တဲ့စနစ်ကလည်း တိုးလာလို့ အချိန်နဲ့အမျှ ရောဂါပြင်းထန်မှုက လျော့သွားလိမ့်မယ်" လို့ WHO ညွှန်ကြားရေးမှူးချုပ် တေဒရို အဒ်ဒါနွန် ဂေဘရီယေးဆပ်က လုပ်ငန်းစဉ် အသေးစိတ် ရှင်းလင်းညွှန်ကြားရေး အစည်းအဝေးအတွင်း ပြောပါတယ်။

ဗျူဟာမြောက် ပြင်ဆင်ရေး အသင့်ဖြစ်ရေးနဲ့ တုံပြန်ရေး စီမံကိန်းအသစ်အရ SARS-CoV-2 ကူးစက်စေတဲ့ အကြောင်းရင်းတွေကို ရင်ဆိုင်ဖို့၊ ကူးစက်ကပ်ဘေး သက်ရောက်မှု လျှော့ချဖို့နဲ့ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်အခြေအနေ အဆုံးသတ်ဖို့ နိုင်ငံတိုင်းက လုပ်ဖို့လိုတဲ့ ဗျူဟာမြောက် ပြုပြင်ပြောင်းလဲမှုတွေကို စတင် ချမှတ်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024