မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၅ လမ်း၊ ၅၈ လမ်း နဲ့ ၅၉ လမ်းကြားရှိ ရဲမွန်တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ တပ်စွဲထားတဲ့ ကင်းစခန်း မတ်လ ၃၀ ရက် နေ့လယ် ၃ နာရီက ပစ်ခတ်ခံခဲ့ရ လို့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ယောက် ဒဏ်ရာရသွားပါတယ်။
သေနတ်နဲ့ ၆ ချက်လောက် ပစ်ခတ်သွားတာဖြစ်ပြီး စစ်သားဒုတပ်ကြပ် ၁ ဦး၊ ရဲတပ်သား ၂ ဦး စုစုပေါင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး ပြင်းထန်ဒဏ်ရာရကာ အသက်အန္တရာယ် စိုးရိမ်ရတယ်လို့ သိရပါတယ်။
“အဲဒီရုံးမှာက တပ်စွဲထားတော့ ရှေ့မှာ အတားအဆီးတွေချထားတယ်။ မကြာခဏလည်း လမ်းပိတ်ပြီး စစ်တယ်။ ရက်ပိုင်းကတောင်မှ ရပ်မပေးလို့ဆိုပြီး လှမ်းပစ်တာဖြစ်သေးတယ်” လို့ ရပ်ကွက်နေ ပြည်သူတဦးက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပြီး မကြာခင်မှာ စစ်ကောင်စီတပ်သားတွေရောက်လာကာ ဒဏ်ရာရသူတွေကို လူနာတင်ယာဉ်တွေနဲ့ နန်းတွင်းစစ်ဆေးရုံသို့ သယ်ဆောင်သွားပါတယ်။