Home
မြန်မာသတင်း
ပုသိမ်တွင် ညမထွက်ရအချိန် ​ပြောင်းလဲသတ်မှတ်
DVB
·
March 27, 2022
277102343_1119428712172899_3936406744395787334_n

ဧရာဝတီတိုင်း ပုသိမ်မြို့နယ်မှာ ညမထွက်ရအမိန့်ကို ည ၁၂ နာရီအချိန်မှ မနက် ၄ နာရီအချိန်အထိ  ​ပြောင်းလဲသတ်မှတ်​တယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ မြို့နယ်အုပ်ချုပ်​ရေးအဖွဲ့က မတ် ၂၆ ရက်နေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

"ညမထွက်အရ အချိန်​ပြောင်းသတ်မှတ်တယ်အခုက ည ၁၂ နာရီက မနက် ၄ နာရီအထိ။ ဘာလို့​ပြောင်းတာလဲမသိဘူး။ သင်္ကြန်အတွက် ကြိုလုပ်တာလည်းဖြစ်နိုင်တယ်၊ ဘယ်လိုသတ်မှတ်​ သတ်မှတ် သူတို့ မရှိတာဖြစ်ချင်တာ" လို့ ပုသိမ်မြို့​နေသူတဦးက ဒီဗွီဘီကို ​ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပုသိမ်မြို့မှာ ည ၈ နာရီမှ မနက် ၄ နာရီ၊ ည ၁၀ နာရီ မှ မနက် ၄ နာရီ သတ်မှတ်ခဲ့ပြီး အခု ည ၁၂ နာရီမှ မနက် ၄ နာရီ ​ပြောင်းလဲသတ်မှတ်လိုက်တာလည်း ဖြစ်ပါတယ်။

ပုသိမ်မြို့နယ်အတွင်း ပြစ်မှုတစုံတရာကျူးလွန်ဖို့ ရည်ရွယ်ချက်နဲ့ဖြစ်စေ၊ လူ ၅ ဦး သို့မဟုတ် လူ ၅ ဦးထက်ပိုပြီး လမ်းမကြီးတွေ၊ အများပြည်သူသွားလာရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေမှာ စုဝေးတာ၊ လမ်းလျှောက်တာ၊ စီတန်းလှည့်လည်တာ၊ ဟောပြောတာ၊  ဟစ်အော်ကြွေးကြော်တာ၊ လှုံ့ဆော်တာ၊ ရုန်းရင်းဆန်ခတ်ပြုတာတွေ မလုပ်ဖို့ အာဏာသိမ်းစစ်တပ်က ထုတ်ပြန်ထား​ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024