တပ်တွင်းမှာ အကြမ်းဖက်စစ်ကောင်စီက တပ်မတော်သားတွေအပေါ် ခေတ်အဆက်ဆက် ကုတ်သွေးစုပ် အမြတ်ထုတ် ထည့်ဝင်ခဲ့ကြရတဲ့ မြန်မာ့စီးပွားရေးဦးပိုင် အမြတ်ငွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတခု ကျင်းပဖို့ ရှိနေပါတယ်။
“ဦးပိုင် အမြတ်ငွေ တကယ်ရော ရရဲ့လား” ခေါင်းစဉ်နဲ့ ကျင်းပသွားမယ့် ဒီစကားဝိုင်းကိုတော့ ပြည်သူ့စစ်သား ဇနီးများအဖွဲ့ရဲ့ စကားသံအစီအစဥ် အပိုင်း ၁၂ အနေနဲ့ ဒီကနေ့ ည ၇ နာရီမှာ တိုက်ရိုက်ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။
တပ်တွင်းမှာတုန်းက ဦးပိုင်စုငွေ နဲ့ပတ်သက်ပြီး သူတို့ရဲ့ သဘောထား၊ ခုလက်ရှိမှာရော တပ်တွင်းမှာ ဦးပိုင်အမြတ်ငွေ တကယ်ရကြလား၊ တပ်တွင်းကလူတွေက ဦးပိုင်နဲ့ပတ်သက်ပြီး ဘာတွေပြောနေကြလဲ ဆိုတဲ့အကြောင်းရာတွေကို ပြည်သူ့ဘက်ရပ်တည်ခဲ့ကြတဲ့ CDM ဗိုလ်မှူးရဲ့ဇနီး မသူဇာလွင်၊ CDM ဆေးဗိုလ်ကြီး ဇနီး မသဇင်တို့က ဆွေးနွေးပြောပြသွားကြမှာပါ။
ကြည့်ရှုနားဆင်လိုသူတွေအနေနဲ့ ဒီစကားဝိုင်းကို ပြည်သူ့ပန်းတိုင်၊ ပြည်သူ့စစ်သားဇနီးများနဲ့ ဒီဗွီဘီသတင်းဌာန အင်တာနက်စာမျက်နှာတွေကဖြစ်စေ တခြားသော ဆက်စပ် စာမျက်နှာတွေကဖြစ်စေ တိုက်ရိုက်စောင့်မျှော်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
ပြည်သူ့စစ်သားများအဖွဲ့နဲ့ ပြည်သူ့စစ်သားဇနီးများ အဖွဲ့တွေကတော့ မတရားစစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်ကာ CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ တပ်မတော်သားတွေနဲ့ မိသားစုဝင်တွေကို ထောက်ပံ့ကူညီပေးနိုင်ဖို့ ဖွဲ့စည်းထားခဲ့တာဖြစ်ပြီး အပတ်စဉ် စကားဝိုင်းတွေကိုလည်း တင်ဆက်နေတာ ဖြစ်ပါတယ်။