မိဘပြည်သူတွေရဲ့ ထောက်ပံ့မှုနဲ့ လက်နက်တွေ ရရှိခဲ့ကြောင်းနဲ့ ၄၀ မမနဲ့ ၈၀ မမ လက်နက်တွေ စမ်းသပ်အောင်မြင်ကြောင်း ပုလဲပြည်သူ့ကာကွယ်ရေးတပ် PDF က ထုတ်ပြန်ပါတယ်။
ပုလဲမြို့နယ်ကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်ထဲမှာ တည်ရှိကာ လတ်တ လော တိုက်ပွဲတွေ အများဆုံး ဖြစ်ပွားနေတဲ့ ဒေသတခု ဖြစ်ကာ အကြမ်းဖက်စစ်တပ်ကို ခုခံချေမှုန်းဖို့ လက်နက်တွေ ထပ်ပြီးတော့ လိုအပ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်း ဖက်ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ် ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင် သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ၊ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။
နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီး တိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။
လူထုသပိတ်တိုက်ပွဲတွေအနေနဲ့ မနေ့က တရက်တည်းမှာ တနင်္သာရီတိုင်း၊ မန္တလေးတိုင်းနဲ့ မကွေးတိုင်းတွေမှာ ၁ ကြိမ်စီ၊ ကချင်ပြည်နယ်နဲ့ ရန်ကုန်တိုင်းတို့မှာ ၂ ကြိမ်စီ၊ စစ်ကိုင်း တိုင်းမှာ ၁၃ ကြိမ်နဲ့ အများဆုံးဖြစ်ပွားခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မြန်မာပြည်တွင်း ပြည်သူ့ခုခံတော်လှန်စစ် အရှိန်မြှင့်ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၇ ရက်ကနေ မတ် ၆ ရက်အထိ တလအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၉၅ ယောက် သေဆုံးခဲ့တယ်လို့လည်း NUG က ထုတ် ပြန်ထားပါတယ်။